Local News Peace political news

တိုက်ပွဲများအတွင်း တပ်မတော်သား ၄၁ ဦးထိခိုက်ကျဆုံးဟု AA သတင်းထုတ်ပြန်၊ တပ်အတည်ပြုချက်မရ

ရန်ကုန်၊ ဧပြီ ၇

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင်တပ်မတော် AA တို့အကြား ဧပြီလ ၄ ရက်နေ့မှ ၆ ရက်နေ့ ၃ ရက်တာ ကာလအတွင်းတိုက်ပွဲများဖြစ်ခဲ့ပြီး ယင်းကာလအတွင်း တပ်မတော်သား ၄၁ ဦး ထိခိုက်ကျဆုံးဒဏ်ရာရကြောင်း AA က သတင်းထုတ်ပြန်သော်လည်း တပ်မတော်က အတည်ပြုချက် မရရှိပေ။

၂၀၁၉ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့၊ နေ့လည်၁ နာရီ ၂၀ မိနစ်ခန့်တွင် မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ရွာ အရှေ့မြောက်ဖက် ၉ ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင်တိုက်ပွဲဖြစ်ပွားခဲပြီး တပ်မတော်ဘက်မှ သေဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦး ရှိကြောင်း၊ ဧပြီလ ၅ ရက်နေ့၊ နံနက် ၇ နာရီခန့်အချိန်တွင် ဘူးသီး တောင်မြို့နယ်၊ အထက်ဝါးနက်ရုံရွာ အရှေ့မြောက်ဖက်၊ နယ်စပ်မှတ်တိုင် ၆၄ (BP-64) အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး ၁၂ ဦးသေဆုံးခဲ့ကာ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်း ရမိကြောင်း၊ ဧပြီလ ၅ ရက်နေ့၊ နေ့လည် ၁၂ နာရီခန့်အချိန်တွင် ကျောက်တော်မြို့နယ်၊ ဖက်ဝန်းချောင်းရွာ အနောက်ဖက်၊”ဖောက်ပီ”တောင်တန်းပေါ်တွင် တပ်မတော်ဘက်မှ ၃ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိခဲ့ကြောင်း၊ AA ဘက်မှ အလတ်စားဒဏ်ရာရရှိသူတစ်ဦးရှိခဲ့ကြောင်း၊ ဧပြီလ ၆ ရက်နေ့ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ရွာ အရှေ့ဖက်တောင်တန်းပေါ် တွင် တိုက်ပွဲများပြင်းထန် နေကြောင်း၊ ၊ဧပြီလ ၆ ရက်နေ့၊ နံနက်(၁၁) နာရီ(၄၀) မိနစ်မှ ညနေ(၄) နာရီခန့်အထိ ကျောက်တော်မြို့နယ်၊ ဖက်ဝန်း ချောင်းရွာအနောက်ဖက်၊ “ဖောက်ပီ” တောင်တန်းပေါ်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး တပ်မတော်ဘက်မှ ထိခိုက်-ကျဆုံး(၁၀)ဦးအထိရှိနိုင်ကြောင်း AA က သတင်းထုတ်ပြန်သည်။

ယင်းသတင်းနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းဖြေဆိုခြင်းမပြုပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com