All News Local News

တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုထားသော ဒါရိုက်တာမင်းထင်ကိုကိုကြီး အာမခံ ပယ်ချခံရပြီး အင်းစိန်ထောင်ပို့

ရန်ကုန်၊ ဧပြီ ၁၂

တပ်မတော်၏ တရားစွဲဆိုခြင်းခံထားရသော ဒါရိုက်တာမင်းထင်ကိုကိုကြီး ၏ အာမခံလျှောက်ထားမှုကို တရားရုံးက ပယ်ချလိုက်သည်။

မင်းထင်ကိုကိုကြီး၏ ရှေ့နေဖြစ်သူ ဦးရောဘတ်ဆန်းအောင်က “အာမခံလျှောက်ထားတာကိုပယ်ချလိုက်တာပေါ့ဗျာ” ဟု သတင်းတမန်သို့ပြောသည်။

အင်းစိန်မြို့နယ်တရားရုံးက ပယ်ချလိုက်ခြင်းဖြစ်သည်။

အာမခံထပ်လျှောက်ရန် ရှိ/မရှိကိစ္စနှင့်ပတ်သက်၍ တိုင်ပင်ရဦးမည်ဖြစ်ကြောင်း ဦးရောဘတ်ဆန်းအောင်က ဆိုသည်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးသည် လူမှုကွန်ရက်ကိုအသုံးပြု၍ တပ်မတော်နှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဂုဏ်သိက္ခာကျဆင်းအောင်ပြုမူဆောင်ရွက်သည်ဟုဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးတစ်ဦးက တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) အပါအဝင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားရုံးသို့ ဦးတိုက်လျောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ( သတင်းတမန် )

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com