All News Local News

စားသောက်ဆိုင်တွင် ဖန်ခွက်ကျကွဲရာမှ မထီမဲ့မြင်လုပ်သည်ဟုဆိုတာ အရပ်သားတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက သေနတ်ဒင်ဖြင့်ထုရိုက်

By သတင်းတမန်မီဒီယာ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် စပါးကြွယ်ကျေးရွာအုပ်စုမှာ အရပ်သားတစ်ဦးကိုရဲတပ်ဖွဲ့ဝင်များက သေနတ်ဒင်ဖြင့်ထုရိုက်ခဲ့တာကြောင့် ဦးခေါင်ပေါက်ပြဲဒဏ်ရာရရှိခဲ့မႈ အတြက္တာဝန်ရှိသူတွေကို အရေးယူပေးဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ကို တင်ပြတိုင်ကြားထားတယ်လို့သိရပါတယ်။

`သူတို့ကဟိုဘက်ဝိုင်းမှာစားသောက်နေကြတာ၊ ကျနော်ကဖန်ခွက်ကိုစားပွဲပေါ်တင်လိုက်တာ အောက်ကျပီးကွဲသွားတာကိုဘေးဝိုင်းက ရဲတွေက သူတို့ကိုမထီမဲ့မြင်လုပ်တယ်ဆိုပြီး မင်းကလူမိုက်လားဆိုပြီး ဝိုင်းလုပ်ကြတာပါ။ ပြီးတော့စပါးကြွယ်ရဲကင်းကိုဖမ်းခေါ်သွားပါတယ်။ ရဲကင်းမှူးကလည်းကျနော်ကို ပုဆစ်ဒူးတုပ်ထိုင်ခိုင်းပြီး ခါးပတ်နဲ့ ၃ ချက်လောက်ရိုက်ပါတယ်။အဲဒီမှာ ကျနော်ကိုရဲနှစ်ယောက်က အလည်က ညှပ်ပီးဆိုင်ကယ်နဲ့ဆေးရုံကိုခေါ်သွားပြီး လက်ထိပ်ခတ်လျက် ဆေးဝါးကုသပေးပြီး ရဲစခန်းမှာချုပ်ထားရာကနေ နောက်တစ်နေ့ နေ့လည်၂ နာရီလောက်မှာ ပြန်လွှတ်ပေးလိုက်တာပါ´´လို့ဖမ်းဆီးရိုက်နှက်ခံရတဲ့ ကိုကျော်စိုးနိုင် ကပြောပါတယ်။

ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့နယ် စပါးကြွယ်ကျေးရွာအုပ်စု ဂျပန်လမ်းဆင်းရှိ စားသောက်ဆိုင်တစ်ခုတွင်ကျေးရွာသားတစ်ဦးကို တောင်ငူမြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမှ ရဲအရာခံတစ်ဦးအပါအဝင် နယ်မြေခံရဲစခန်းမှတပ်ဖွဲ့ဝင်အချို့တို့ကဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်ရိုက်နှက်ခဲ့တယ်လို့ကာယကံရှင်ဖြစ်သူကပြောပါတယ်။

ဧပြီလ ၂၁ ရက်နေ့ ည ရးဝဝ နာရီအချိန် တောင်ငူအမှတ်၂ နယ်မြေရဲစခန်းပိုင် စပါးကြွယ်ရဲကင်းအနောက်ဘက် ဂျပန်လမ်းဆင်းရှိ စားသောက်ဆိုင်တစ်ခုတွင်တောင်ငူမြို့နယ်ကညှင်မြှောင်ကျေးရွာအုပ်စု၊နတ်စင်ကုန်းကျေးရွာနေ ဦးစံမြ၏သားဖြစ်သူ ကိုကျော်စိုးနိုင်သည် စားသောက်ဆိုင်တွင် ဧည့်သည်တစ်ဦးကို စောင့်ဆိုင်းနေစဉ် တောင်ငူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာခံ ကျော်မိုး အပါအဝင်၃ ဦး၊တောင်ငူအမှတ်(၂)နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ်ကြီး ပန်းဝေနှင့်စပါးကြွယ်ရဲကင်းစခန်းမှတပ်ဖွဲ့(၆)ဦးတို့ရောက်ရှိလာပြီး “မင်းကလူမိုက်လား”ဟုပြောဆိုကာ ဝိုင်းဝန်းဖမ်းချုပ် လက်ထိပ်ခတ်ပြီး လက်သီးဖြင့်ထိုးခြင်း၊နံပါတ်တုတ်ဖြင့်ရိုက်နှက်ခြင်း၊မျက်နှာအားခြေထောက်များဖြင့်ကန်ကျောက်ခြင်းများနှင့်ဦးခေါင်းကို ၎င်းတို့ယူဆောင်လာတဲ့သေနတ်ဒင်ဖြင့်ထုရိုက်ခြင်းများပြုလုပ်ခဲ့ကြသဖြင့်မျက်နှာဖူးရောင်ဒဏ်ရာများနှင့် ဦးခေါင်းကွဲဒဏ်ရာများရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
`
အမှတ်(၂)နယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးကတော့ “အခင်းဖြစ်ညက ကိုကျော်စိုးနိုင်က ရဲတပ်ဖွဲ့ဝင်တွေကို အရက်သေစာသောက်စားမူးယစ်ဆဲဆိုရန်စခြင်းများပြုလုပ်ခဲ့တဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ကျေးရွာအုပ်ချုပ်မှူးတွေက နောက်နောင် ခုလိုမျိုးမဖြစ်ဖို့အတွက် အာမခံခဲ့တဲ့အတွက် ခံဝန်ချက် လက်မှတ်ရေးထိုးခိုင်းပြီး ပြန်လည်လွှတ်ပေးလိုက်ကြောင်း၊ ကိုကျော်စိုးနိုင်အနေနဲ့ ကျေနပ်မှုမရှိဘဲ မတရားခံရသည်ဟု ယူဆပါက စခန်းတွင်လာရောက်အမှုဖွင့်နိုင်ပြီး အမှန်အတိုင်းဖြစ်အောင် ဆောင်ရွက်ပေးမှာဖြစ်တယ်”လို့ ပြောဆိုပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts