All News Crime

စစ်တပ်ပိုင် နေပြည်တော် ဇေယျာသီရိ ကုန်တိုက် မီးလောင်မှု ဝါယာရှော့ကြောင့်ဟုဆို၊ ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ ၊ ဧပြီ – ၁၄

နေပြည်တော်ရှိ စစ်တပ်ပိုင် ဇေယျာသီရိကုန်တိုက် သြင်္ကန်အကျနေ့တွင် မီးလောင်ကျွမ်းမှုသည် ဝါယာရှော့ခ်ကြောင့် ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိကုန်ပဒေသာ တိုက်အတွင်းရှိ စားသောက် ဆိုင်တန်းတွင် ယမန်နေ့ညနေ ၃ နာရီချိန်ခန့်တွင် ဝါယာရှော့ ဖြစ်ပွားပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း၊ ညနေ ၃ နာရီခွဲတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊
မီးငြိမ်းသတ်စဉ် မှန်ကွဲစ ထိမှန်သည့် မစိုးရိမ်ရဒဏ်ရာရရှိသူ ၂ ဦးရှိခဲ့ပြီး သက်ဆိုင်ရာ ဆေးရုံသို့ ပို့ဆောင် ကုသလျက်ရှိကြောင်း၊ ပဏာမစစ်ဆေးချက်များအရ မီးလောင်မှုမှာ ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- မီးလောင်းကျွမ်းနေသော နေပြည်တော် ဇေယျာသီရိကုန်တိုက်။ Photo Credit – တပ်မတော်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com