All News Crime

ချင်းတွင်းသြင်္ကန်သို့ လာရောက်သည့် စက်လှေတစ်စီးနစ်မြုပ်၊ လူအသေအပျောက်ရှိ

ရန်ကုန်၊ ဧပြီ ၁၅ ရက် (သတင်းတမန်)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်း ကျင်းပနေသော ချင်းတွင်းသဲတောင်ပြင်သြင်္ကန်သို့ လာရောက်သော စက်လှေတစ်စီးသည် ယနေ့ နံနက် ၁၀နာရီဝန်းကျင်တွင် နစ်မြုပ်မှုဖြစ်ပွားပြီး လူအသေအပျောက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဆားလင်းကြီးဘက်မှ ချင်းတွင်းသြင်္ကန်သို့လာရောက်သော စက်လှေသည် ရေဝင်နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး လှေပေါ်ပါ ခန့်မှန်း လူ ၄၀ ဦးခန့်အနက် ၃၆ ဦးကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကယ်တင်နိုင်ခဲ့သည့် လူများထဲမှ ၆ဦးကို ဆေးရုံသို့ ပို့ဆောင်ထားပြီး အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ကြောင်း၊ ကျန်လူများကို ဆက်လက်ရှာဖွေနေကြောင်း သိရသည်။(သတင်းတမန်)

ဓာတ်ပုံ-သန်းနိုင်ဦး

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com