All News Peace

ကျောက်တော်တွင် မိုင်း ၃ လုံး ဖမ်းမိ ရှင်းလင်း၊ AA အဖွဲ့က မိုင်းထောင်ဟု တပ်မတော် ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၂၉

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်တွင် မိုင်း ၃ လုံးကို ယနေ့ ဧပြီလ ၂၉ ရက်နေ့ နံနက် ပိုင်းက ရှင်းလင်းနိုင်ခဲ့ပြီး ယင်းမိုင်း ၃ လုံးကို AA အဖွဲ့က ထောင်ထားခြင်းဖြစ်သည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။

ရန်ကုန်-အမ်း-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီး၊ ကျောက်တော်-မြောက်ဦး လမ်းပိုင်းပေါ်ရှိ ကျောက်တော်မြို့ မဟာမုနိဘုရားကြီးလမ်းဆုံအနီး၌ ဧပြီ ၁၅ ရက် ညနေပိုင်း၌ AAက ထောင်ထားသော ဒေသန္တရလက်လုပ်မိုင်း ၃ လုံးအား တူးဖော်ရရှိခဲ့ကြောင်း ၊
ယနေ့ ဧပြီ ၂၉ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် မဟာမုနိဘုရားကြီးလမ်းဆုံအနီး ကျောက်တော်-မြောက်ဦးကားလမ်းပေါ်တွင် မိုင်း ၃ လုံး ရှာဖွေတွေ့ရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ရခိုင်ပြည်နယ်တွင် AAက ထောင်ထားသည့် မိုင်းအကြိမ် ၁၅ ကြိမ်၊ မိုင်း ၄၆ လုံး ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ AA အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts