All News

ကရင်ပြည်နယ်၊ ဇွဲကပင်တောင်တွင် မီးလောင်နေသဖြင့် မီးသတ်ရန် ကြိုးပမ်းနေရ

ရန်ကုန်၊ ဧပြီ ၂၅

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဇွဲကပင်တောင်တွင် ယနေ့ည ၉ နာရီ ကျော်ခန့်မှစ၍ မီးများ လောင်ကျွမ်းနေသဖြင့် ကြိုးပမ်းငြိမ်းသတ် နေရကြောင်း ဘားအံမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ကျ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဆံတော်ရှင် ရှိတယ်။ ဇွဲကပင်တောင်မှာ ။ မီးတွေက အခုထက်ထိ မြင်နေရတယ်။ လောင်နေတုန်းပဲ။ ည ၉ နာရီလောက်ကတည်းက မီးသတ်ကားတွေ ဘားအံက ထွက်သွားပြီး ငြိမ်းနေတယ်။ ဘယ်လို လောင်တာလဲ မသိသေးဘူး။ အခုထက်ထိ ကြိုးစားပြီး ငြိမ်းနေတုန်းပဲ” ဟု ဘားအံမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ကျ တပ်ဖွဲ့ဝင်က ဆိုသည်။

ဘားအံမြို့ခံတချို့ကလည်း ဇွဲကပင်တောင် မီးလောင်နေသည်ကို မြင်တွေ့နေရကြောင်း၊ လက်ရှိအချိန် မီးမငြိမ်းသေးကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။

Photo Credit – centralonlinenews

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com