All News Local News

RCSS က အပစ်ရပ်ကြေညာပြီးနောက် SSPP နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေ

ရန်ကုန်၊ မတ် ၂၆

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) က ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် အပစ်အခတ်ရပ်စဲရေး ကြေညာပြီးနောက် နှစ်ဖက် တပ်ဖွဲ့အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွားကြောင်း သိရှိရသည်။

RCSS က အပစ်ရပ်ကြေညာပြီးနောက် မတ်လ ၂၅ ရက်နေ့တွင် ရှမ်းပြည် မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းရှိ RCSS တပ်စခန်းများကို SSPP က လာ ရောက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း RCSS မှ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။

“ သူတို့ ပူးပေါင်းတပ်ဖွဲ့က လာပြီးတော့ ကျနောတို့လူတွေကို လာတိုက်ပါတယ်။ နမ္မတူ ဘက်မှာပါ။ အဲဒါလည်း ယုံကြည်မှုတွေ ၊ တွေ့ဆုံညှိနှိုင်းဖို့ သူက အဟန့်အတား ဖြစ်တယ်။ အမှန်ဆိုရင် အခုချိန်က ယုံကြည်မှုတွေ တည် ဆောက်ကြရမှာလေ ” ဟု ဒုတိယ – ဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။

SSPP/ SSA နှင့် အပစ်ရပ်စဲကြောင်း RCSS ဗဟိုမှ မတ်လ ၂၁ ရက်နေ့က ထုတ်ပြန်ကြေညာချက်အပြီး SSA တပ်ဖွဲ့များက RCSS တပ်စခန်းအား ပထမဆုံးဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု RCSS က ဆိုသည်

“ ဒီထုတ်ပြန်ကြေညာချက် ထုတ်ပြန်ပြီး ဖြစ်တော့ ဒါတွေက မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ ဒါက ပြည်သူတွေနဲ့ ရဟန်းသံဃာတော်တွေ သဘောထားကို ဆန့်ကျင်ချင်တာ ရောက်တယ်။ ဒါကြောင့်မို့ ရှေ့ဆက်မှလည်း ဒါမျိုး နှစ်ဖက်ဆွေးနွေးမယ်ဆိုရင် အဲ့ဆွေးနွေးချက်အတိုင်း ၊ ထုတ်ပြန်ချက်အတိုင်း လိုက်နာတက်ဖို့ လိုအပ်တယ်လို့ မြင်တယ်” ဟု ဒုတိယ – ဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။

မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းခန့် တွင် SSPP / SSA တပ်ဖွဲ့ က စစ်အင်အားအသုံးပြုပြီး ရှမ်းပြည်မြောက်ပိုင်း ၊သီပေါမြို့နယ် အတွင်းရှိ RCSS လှုပ်ရှားတပ်စခန်းအား SSA တပ်ဖွဲ့မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တပ်များ သီပေါမြို့နယ် ၊ နားမခေါ်အုပ်စု တွန်ကြိုင်း ကျေးရွာနှင့် ဟိုနားကျေးရွာအကြား တစ်ကြိမ် ၊ နမ္မတူမြို့နယ် မိုင်းမုအုပ်စု ကောင်းဟုန်းနှင့် လုံမိတ် ကျေးရွာအကြားတွင် တစ်ကြိမ် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

SSPPက မူ RCSS သည် အပစ်ရပ်ကြေညာပြီးနောက် SSPP တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ကြောင်း ၊မတ်လ(၂၂)ရက်နေ့ နေ့လည်(၂)နာရီအချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်တူမြို့နယ်၊ မိုင်းမု ကျေးရွာအုပ်စု လွယ်ဟန်းတောင်ပေါ်ရှိ (SSPP/SSA)တပ်စခန်းအား (RCSS)လှုပ်ရှားစစ်ကြောင်းက စစ်ကြောင်းနှစ်ကြောင်း ခွဲချီတက်တိုက်ခိုက်၍ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ RCSS ဗဟိုက မတ်လ၂၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်အပြီး နောက်တစ်ရက်မှာပင် (RCSS)လှုပ်ရှားစစ်ကြောင်းများက (SSPP/SSA)တပ်စခန်းများကို ဝင်ရောက် တိုက်ခိုက်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်ရေးလေ့ကျင့်နေသော RCSS တပ်သားတစ်ဦး။ Photo Credit- RCSS Army

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts