Local News Peace political news

NCA နှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွေဖည်သွားပြီဟု KNU ခေါင်းဆောင်ဗိုလ်ချုပ်ကြီး မူတူးစေဖိုးပြော

ရန်ကုန်၊ မတ် ၅

လက်ရှိနိုင်ငံရေး အခင်းအကျင်းသည် NCA လမ်းကြောင်းမှ သွေဖည်သွားပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ပြောဆိုသည်။

ယနေ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် စတင် ကျင်းပနေသည့် PPST တစ်နိုင်ငံလုံးအပစ်ရပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့ အထူးအစည်းအဝေး တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

“လက်ရှိ နိုင်ငံရေးအခင်းအကျင်းအရ ရောက်ရှိနေတဲ့ NCA အကောင်အထည်ဖော်မှု လမ်းကြောင်း ဟာ မူလက ကျနော်တို့် ရည်မှန်းထားတဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် အခွင့်အရေးတွေ၊ အာမခံချက်တွေ အပြည့်အဝရှိပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စု ကို ရောက်ရှိစေမယ့် လမ်းကြောင်းကနေ သွေဖည်သွားပြီဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောဆိုသည်။

လက်ရှိတွင် NCA ပေးထားချက်များနှင့် သွေဖည်ခြင်းမရှိစေရန် အားလုံး အကြေအလည် ညှိနှိုင်းကြရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ ထိုင်းနိုင်ငံ ချင်းမိုင်တွင် ခေါ်ယူနေသည့် PPST အစည်းအဝေးသည် သင့်တော်သည့် ကိုယ်စားလှယ် လွှဲပြောင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မတူကွဲပြားမှုကို အသိအမှတ်ပြုပြီး ညီညွတ်မှု တည်ဆောက်ခြင်း အခြေခံမှတစ်ဆင့် ဘုံရည်မှန်းချက်ရှာဖွေကာ ဖက်ဒရယ်ပန်းတိုင် အရောက်ချီတက်ရန် တိုက်တွန်းကြောင်း ၎င်းက ပြောဆိုသွားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com