All News Local News Peace

အစိုးရတပ်မတော်၏ ရမ်းသမ်းပစ်ခတ်မှု လက်ပိုက်ကြည့်မနေဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂ သတိပေး

ရန်ကုန်၊ မတ် ၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် အစိုးရတပ်မတော်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရှေးဟောင်းဘုရားများ၊ နေအိမ်များနှင့်ပြည်သူများ ထိခိုက်မှုကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂအနေဖြင့် လက်ပိုက်ကြည့်နေမည် မဟုတ်ကြောင်း မတ်လ ၁၉ ရက်နေ့တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန် သည်။

စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲမှ ကျောင်းသားသမဂ္ဂ ၇ ခု စုပေါင်းထားသော ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ယင်းသို့ သတိပေး ကြေညာချက် ထုတ်ပြန်ထားခြင်းဖြစ်ပြီး အစိုးရတပ်မတော်၏ လုပ်ရပ်ကို စစ်ရာဇဝတ်မှု ကျူးလွန်သော လုပ်ရပ် အဖြစ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ကြေညာသည်။

အစိုးရတပ်မတော်အနေဖြင့် ဂျနီဗာကွန်ဗန်းရှင်း၊ ၁၉၅၄ Hague နိုင်ငံတကာသဘောတူညီချက်တို့ကို လိုက်နာရန် လိုအပ်ကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ သတိပေးစာတွင် ဖော်ပြထားသည်။

တပ်မတော်ကမူ ရခိုင်ပြည်နယ်အတွင်း AAအဖွဲ့က မြို့၊ ရွာ၊ အစိုးရ အဆောက်အဦများ ပါမရှောင် အကြမ်းဖက်လုပ်ရပ်များ ဖန်တီးလှုံ့ဆော် အကြမ်းဖက်မှုများ ပြုလုပ်လျက်ရှိသဖြင့် တပ်မတော် စစ်ကြောင်းအသီးသီးမှ မြို့နယ်အလိုက်ဖြန့်ခွဲ၍ လုံခြုံရေးဆောင်ရွက်နေရကြောင်းသတင်းထုတ်ပြန်သည်။

၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက် ညနေပိုင်းတွင် မြောက်ဦးမြို့တွင်းနှင့် တပ်ရင်းဌာနချုပ်များအား ပစ်ခတ်နှောင့်ယှက်ရန် မြောက်ဦးမြို့နေ တာဝန်သိပြည်သူအချို့ထံမှ သတင်းရရှိသဖြင့် မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်း တစ်ကြောင်းသည် မြို့နှင့် တပ်ရင်းဌာနချုပ်များ လုံခြုံရေးအတွက် မြောက်ဦးမြို့သို့ ပြန်လည်ချီတက်လာရာ AA အကြမ်းဖက်သောင်းကျန်းသူများက မြောက်ဦးမြို့အဝင်ရှိ မြို့နေ ပြည်သူလူထု၏ နေအိမ်များပေါ်မှ ည ၇ နာရီ ၃၅ မိနစ်မှစတင်၍ ၃၀ မိနစ်ကြာသည်အထိ နှောင့်ယှက်ပစ်ခတ်ခဲ့၍ တပ်မတော်စစ်ကြောင်းများနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် မြောက်ဦးမြို့ရှိ နယ်မြေခံ တပ်ရင်းဌာနချုပ်များကိုလည်း ရပ်ကွက်နေ ပြည်သူလူထု နေအိမ်များအား အကာအကွယ်ရယူလျက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက် ပစ်ခတ်ခဲ့ပြီး ည ၈ နာရီ ဝန်းကျင်မှစ၍ ပစ်ခတ်မှု ပြီးဆုံးခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com