All News interview Local News Peace

“ရသေ့တောင်မှ လှေသမား ဦးမောင်ချေကို တပ်မတော်က ပစ်သတ်သလား”

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ကူးတို့လှေသမားတစ်ဦးဖြစ်သည့် အသက် ၃၃ နှစ်အရွယ် ဦးမောင်ချေသည် မတ်လ ၂၅ ရက်နေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံ လိုက်ရသည်။ ဦးမောင်ချေတွင် ဇနီးဖြစ်သူ မနုနုသိန်းနှင့် အသက် ၃ နှစ်အရွယ် သမီး တစ်ဦးနှင့် ၁ နှစ် အရွယ်သား ကလေး တစ်ဦးတော့ကျန်ရစ်ခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ရသေ့တောင်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ လှေသမား မောင်ချေ အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ ဘာသိထားလဲ။

ဖြေ ။ ။ ဖြစ်တာက မနေ့က ဖြစ်တာ ၊ မွန်းတည့်အချိန်လောက်ဖြစ်တာ ၊ အဲဒီ ကူးတို့ သမားက အမျက်တောင်ကျေးရွာက ၊ အဲ့ဒီရွာရဲ့ တစ်ဖက်ကမ်းမှ ရေစိုးချောင်းဆိုတဲ့ ကျေးရွာ ရှိတယ် ။ အဲ့ဒီကျေးရွာမှာ စစ်ဗျူဟာ ရှာထားတယ်။ အဲ့ဒီရေစိုးချောင်းနားမှာ တပ်မတော်သား တွေလည်း ရှိတယ်။ ဘုန်းကြီးကျောင်းမှနေတာပေါ့။ တောင်ပေါ်မှာလည်း ဗျူဟာကုန်း ရှိ တယ်။ ဗျူဟာမှာလည်း နေတယ်။ နေတော့ အဲ့ဒီ ကူးတို့သမား စက်လှေက ဟွန်ဒါ စက်လှေ၊ ဟွန်းဒါစက်ကလေး တပ်ထားတယ်။ တပ်ထားတော့ သူ က အမျက်တောင် ရွာ တစ်ဖက် ကမ်းက ရေစိုးချောင်းရွာကို ခရီးသည် နှစ်ယောက်ကို ကူးတို့ ပို့တယ်။ ပို့ပြီး ပြန်လာ တယ်။ အမျက်တောင်ရွာဘက်ကမ်း ရောက်သွားပြီ ။

ရောက်တဲ့ အချိန် တပ်မတော်သား ၃၀ ၊ ၄၀ က ခေါ်တယ်လို့ ပြောတယ်။ ခေါ်တော့ သူက စက်လှေသံဆိုတော့ မကြားဘူူးလေ ။ မကြားတော့ ဒီက သေနတ်ကို ထောင်ပစ်တယ်လို့ ပြောတယ်။ ထောင်ပစ်တော့ အဲဒါတာလည်း ကျတာလည်း ပါတယ်။ မကျချင်လည်း မကျဘူး။ ခဏနေတော့ သူက ကြောက်ပြီး အဲဒါ တက်ပြေးတာ။ ကျတဲ့အခါ ပြေးတဲ့ သဘော ပဲ။ တက်ပြီးတဲ့ အချိန် ဒီက အဲဒီအချိန် ပစ်လိုက်တာ။ သေနတ်ဒဏ်ရာက နှစ်ချက် ပဲ။ သူက အပေါက်လေးပေါက် ၊ အဝင် နှစ်ပေါက် ၊ အထွက်နှစ်ပေါက် ၊ အဲဒါနဲ့ ဆုံးတယ်။ ဆုံးတော့ အဲ့ဒီမှာ ကမ်းနဖူးပေါ်မှာ သူက မှောက်ပြီးတော့ ကျသွားတာ။

ဒီရေက တက်ချိန် ၊ အဲ့ဒီအချိန်မှ ဘယ်သူမှ အလောင်းမကောက်ရဲဘူး။ မကောက်ဘူးဆိုတော့ ဟိုမှာ က အထိတ်အလန့်နဲ့ နေကြတာ။ လူတွေက ပြေးလွှား ၊ ကျီးလန့်စား ဖြစ်နေကြတာ ၊ ရခိုင်မှာက ၊ အဲ့လို့ ဖြစ်တော့ ဘယ်သူမှ မသွားရဲ ၊ အလောင်းလည်း မကောက်ရဲ ဘူး။ ဆိုတော့ ဒီရေတက်လာချိန် အလောင်းလည်း မျောပါသွားရော ၊ စက်လှေလည်း မျောသွားတယ်။ အိမ်ခြေတွေလည်း ဘယ်သူမှ မထွက်ကြတော့ဘူး။ ဒီချောင်းမှ ဘယ်သူမှ မရှိတော့ဘူး။ သေနတ်ဖောက်သံတွေကလည်း တခြားနေရာတွေက ကြားရသေးတယ်။ အဲဒီ ရွာအနီးအနားမှ ကျတော့ ဘယ်သူမှ မသွားကြဘူး။ အားလုံးက ဒီအတိုင်းပဲ။

အလောင်းက ရေထိတော့ မျောပါသွားတာ။ နောက်တော့ အဲဒီနားက အုပ်ချုပ်ရေးမှူးက သူက ဘုန်းကြီးကျောင်းမှာ ရှိတဲ့ တပ်ထဲကို ပြောတယ်။ ဒီလို ဒီလို ဖြစ်တယ်။ ကျနော်တို့ အလောင်းတွေ ရှာချင်တယ် ။ ကောက်ချင်တယ်ပြောတော့ အဲ့ဒီအခါမှ ခွင့်ပေးလို့ လိုက်ရှာတာ။ မနီးမဝေးမှ ရေမှာ မျောနေတဲ့ အဲ့ဒီအလောင်းကို ရတယ်။ ဖြစ်တာက ၈ နာရီ မထိုးခင် ၊ အလောင်းရတာက ညနေ ၄ နာရီကျော်လောက်မှ အလောင်းရတယ်။

ရတော့ အခု ရသေ့တောင် ဆေးရုံမှာ ။ ကျနော်ကိုယ်တိုင်ရှိတယ်။ အမှုကို မနက်ဖြန် လောက်မှ သွားဖွင့်မယ်။ အဲ့ဒီရွာမှ အမှုဖွင့်လို့ မရဘူး။ အဲ့ဒီရွာ နဲ့ ၃ ၊ ၄ ရွာ အဝေး မှ ကျောက်တော်ကြီး စခန်းဆိုတာ ရှိတယ်။ အဲ့ဒီစခန်းမှာ ရဲတွေက မရှိတော့ဘူး။ ရဲတွေက ဘယ်ရောက်နေလဲ ဆိုတာက အဲ့ဒီရွာနဲ့ အဝေးကြီး ၊ ချောင်းရဲ့မြစ်တစ်ဖက်ကမ်း စေတီပြင် ဆိုတဲ့ ရွာ ၊ အဲ့ဒီရွာက ရဲစခန်းဆီ သွားရမှာ ။ တော်တော်ဝေးတယ်ဆိုတော့ မနက်ဖြန်မှပဲ အမှုဖွင့်မယ်။ ဒါပေမဲ့ အကုန်လုံး ဌာနဆိုင်ရာကို အကုန်ပြောပြီသား။ အခုတော့ အကုန်လုံး ခွဲစိတ်တာ ပြီးပြီ ။

မေး ။ ။ မောင်ချေကို တပ်မတော်ဘက်က ပစ်လို့ သေတယ်ဆိုတာ တကယ်လား။ ဘာသက်သေရှိလဲ။

ဖြေ ။ ။ ဒါက ရွာထဲမှ ဖြစ်တာလေ။ ရွာထဲမှ အကုန်လုံး မြင်ကြတာလေ။ ကမ်းနဖူးမှာလည်း ဒုက္ခသည် စခန်း ရှိတယ်။ အဲ့ဒီဒုက္ခသည် စခန်းနား ဖြစ်တာ။ အကုန်လုံး မြင်ကြတယ်လေ။

မေး ။ ။ ပစ်သတ်ခံရတဲ့ ကူးတို့သမား နဲ့ စစ်တပ်အကြား ပတ်သက်မှုအကြား ဘာများ ကြားမိသေးတာ ရှိလဲ ။

ဖြေ ။ ။ မကြားဘူး။ ကူးတို့သမားက သူဘာသာ လုပ်စားတာ။ အဲ့ဒီစစ်တပ်မှလည်း တပ်က ကင်းတွေ ခဏခဏတွေ့တယ်။ ရှိတာပဲလေ အဲ့နေရာမှာ ။ အဲ့ဒီနားက ဘုန်းကြီးကျောင်း မှာလည်း ရှိတယ်။ ဗျူဟာကွင်းလည်း ရှိတယ်ဆိုတော့ ရသေ့တောင်မြို့နယ်ထဲမှာ အဲဒီ လောက် ကြီးတဲ့ တပ်ရင်းတပ်ဖွဲ့ မရှိတော့ဘူးလေ။ ဆိုတော့ သူက အဲဒီနေရာမှ ကူးတို့ လုပ်စားနေတာလေ။

မေး ။ ။ အခုလို အရပ်သား ပစ်သတ်ခံရတဲ့ ဖြစ်စဉ်အပေါ် ဘာများ သုံးသပ်ပြောချင်တာ ရှိလဲ။

ဖြေ ။ ။ ဒါက မဖြစ်သင့်ဘူးပေါ့ ။ တစ်ကယ်လို့ စစ်ဆင်ရေးနယ်မြေ ရှေ့တန်းဖြစ်ရင် တောင် စစ်ဆေးရမှာလေ။ ကူးတို့သမားက ကူးတို့ ပို့ရမယ်။ ဒီလိုပဲလေ ။ ကူးတို့သမား က အရပ် သား လည်း ပို့ပေးရမယ်။ သူတာဝန်ပဲလေ၊ တပ်မတော်သားလည်း ပို့ပေး ရမယ်။ ဒါပေမယ့် သူမကျတဲ့ ပြစ်ဒဏ်နဲ့ အထိတ်အလန့် ဆိုရင် အရေးယူမှုက တော်တော် ပြင်းထန် တယ်။ ဒါက လူတစ်ယောက်သေလောက်တဲ့ ကိစ္စ မဟုတ်တာ ။ သူအကြောင်း ရွာမှ နောက် စုံစမ်းပြီး ဖမ်းလို့ရတာပဲလေ ။ အများရှေ့ သူက ဘယ်သူလဲ ဆိုတာ အားလုံး သိတာပဲလေ။ ဆိုတော့ အဲဒီလို လုပ်ရပ်က မမျှတဘူးလေ။ အဲဒီလိုလုပ်တာ ။

ဓာတ်ပုံ- သေဆုံးသူ ဦးမောင်ချေနှင့် ကျန်ရစ်သူ ဇနီးနှင့် ကလေး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts