All News Crime Local News

ယုဇနဥယျာဉ်မြို့တော်တွင် ၂ လောင်းပြိုင်လူသတ်မှုဖြစ်

ရန်ကုန် ၊ မတ် ၆

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၊ ယုဇနဥယျာဉ်မြို့ တော် ၉ လမ်း ၊ အေဘလောက် တိုက်၅ ၊အခန်း၂၄၀ တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ထံမှ သိရှိရသည်။

” လူနှစ်ယောက်သေတာဟုတ်ပါတယ် ။ ကျား ၁ ၊ မ ၁ ပါ ဘယ်တုန်းကသေလဲ။ ဘာကြောင့် လဲ ဘယ်သူ တွေလဲဆိုတာတော့ ပြောလို့မရသေးပါဘူး။ စစ်ဆေးတုန်းပါ။အလောင်းလည်း ခုထိ မသယ်ရသေးပါဘူး “ဟု ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

ယုဇနဥယျာဉ်မြို့တော်နေထိုင်သူတချို့၏ အဆိုအရ ရုံးမလာ၍ လိုက်ကြည့်ရာမှ သေဆုံး နေခြင်းကို တွေ့ရှိရခြင်း သိရှိရသည်။

” Sweety homeကုမ္ပဏီမှာ အမျိုးသမီးကအလုပ်လုပ်တယ်ပြောတယ် ရုံးမလာလို့ လိုက်သွား ရင်း အိမ်မှာသေနေတာတွေ့တာလို့လည်းပြောတယ်။ သေချာတော့မသိသေး ပါဘူး။ ညနေ ကမှသေတာသိရတာ” ဟု ယုဇနဥယျာဉ်မြို့ တော်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

Ref: ဒီမိုကရက်တစ်လူထုအသံ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com