All News Local News Peace

မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်တို့တွင် စစ်ဘေးရှောင်အရေအတွက် သောင်းကျော် ရောက်ရှိ

ရန်ကုန်၊ မတ် ၁၂

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့် အစိုးရတပ်မတော်နှင့် ရက္ခိုင်တပ်မတော် AA တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဒုက္ခသည် ဦးရေ အရေ အတွက်သည် တစ်သောင်းကျော်ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

“ ၂၀၁၈ နိုဝင်ဘာကတည်းကနေ ဒီနေ့အထိ အခုဆိုရင် ဒုက္ခသည်အရေအတွက် ၁၀၅၀၀ ကျော် အထိ ရှိလာတယ်။ ဒုက္ခသည် စခန်း အခုကနည်းနည်းပြောဖု့ိခက်တယ်။ ဘာကြောင့် လဲဆိုတော့ လက်ရှိနောက်ဆုံး မြောက်ဦး မြို့နယ်မှ ဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် တိမ်းရှောင် လာတဲ့ မိသားစုတွေက နေရာအတည်တကျမရှိကြသေးဘူး။ သူတို့က ဟိုရွေ့ဒီရွေ့ြ ဖစ်နေကြတယ်။ လောလောဆယ်တော့ မြေက်ဦးမြို့ထဲ တစ်ဦးထဲမှာ စခန်းက ၁၆ ခုလောက် ဖြစ်နေတယ်။ ယာယီအဆောင်တွေပေါ့ ၊ ဘုန်းကြီးကျောင်း ၊ တခြား စာသင်ဆောင် အဲ့လို နေရာမျိုးမှ ရှောင့်နေကြတာပါ ။ အများဆုံးက ပုဏ္ဍားကျွန်းမြို့နယ်နဲ့ ကျောက်တော်မြို့နယ် တွေမှာ ဒုက္ခသည်တွေက များတာပေါ့။ ဒါပေမဲ့ အခုနောက်ဆုံး မြောက်ဦးမြို့နယ်မှ ဒီရက်ပိုင်း အတွင်း ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် တေ်ာတော်များ ရောက်လာပါတယ်” ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။

၂၀၁၅ ခုနှစ် ၊ အစိုးရတပ်မတော် နှင့် AA တပ်မတော်တို့ အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခသည်အရေအတွက် ၅၀၀ ကျော် သာ ရှိခဲ့သော်လည်း လက်ရှိအချိန် ၂၀၁၉ နှစ် အတွင်း မှ စစ်ဘေးရှောင်အရေအတွက် တစ်သောင်းကျော်နီးပါးခန့် ၊ အရေအတွက်များပြားလာကြောင်း စစ်တမ်းကောက်ယူချက် စာရင်းအရ သိရသည်။

“ စစ်တမ်းကောက်တာက အိမ်ထောင်စုစာရင်း ၊ စစ်ဘေးရှောင့်စခန်း ၊ လူဦးရေ စာရင်းတွေ ပါမယ်။ နောက်တစ်ခါ အသက်အုပ်စုအလိုက် ၊ ကိုယ်ဝန်ဆောင် ၊ ဖွားမြင်မယ့်ကလေး ၊ မသန့်စွမ်း စသည့်ဖြင့် အဲ့တာတွေကို စာရင်းကောက်တယ်။ ဒါပေမယ့် အဲဒါတွေကို နေရာအကုန်တော့ ကောက်လို့မရသေးဘူး။ ကျနော်တို့က ပထမအဆင့်အနေနဲ့ အိမ်ထောင်စုစာရင်းနဲ့ လူဦးရေကို ဦးစားပေးကောက်တယ်။ ပြီးတော့ စခန်းမှ ဘယ်နှစ်ဦး ရောက်ရှိနေတာလဲ ဒါတွေ ကောက်ခံတယ်။ ဒုတိယက အသက်အုပ်စုအလိုက် ကောက်ခံတယ်။ ဒီစစ်တမ်းကောက်ယူတဲ့ ရည်ရွယ်ချက်က ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်း ၊ နိုင်ငံတကာပဲ ဖြစ်ဖြစ် ၊ အစိုးရပဲဖြစ်ဖြစ် ၊ ဒေသခံ ပရဟိတအဖွဲ့အစည်းတွေက ဒီအချက်အလက်တွေကို အသုံးပြုပြီး ဒီစစ်ဘေးဒုက္ခသည်တွေရဲ့ လိုအပ်ချက်အတိုင်း လိုအပ်တာ ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ကောက်ခံတာ ဖြစ်တယ် “ ဟု ၎င်းက ပြောသည်။

မတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်တပြည်နယ်လုံး နီးပါး အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင့် ဒုက္ခသည်စခန်းများဖြစ်သည့် ကျောက်တော် ၊ ပုဏ္ဍားကျွန်း၊ ဘူးသီးတောင် ၊ ရသေ့တောင်မြို့နယ်များတွင် မိုးရေများဝင်ရောက်ခဲ့ကြောင်း၊ အမိုးအကာမလုံလောက်သောကြောင့် အသုံးအဆောင် အဝတ်အထည်များ မိုးရေစိုကုန်ပြီး ထမင်းချက်ရန် အဆင်မပြေခြင်းတို့ ကြုံတွေ့နေရကြောင်း သိရသည်။

ဘောထိအလင်း ပညာရေးဖောင်ဒေးရှင်း ဦးပညာဇောတက “ ဦးဇင်းတို့က ရခိုင်ဒေသအတွင်း အလှူရှင်တွေ လှူဒါန်းကြတဲ့ ဆန် ၊ ဆီ ၊ အဝတ်အစား ၊ အဲ့တာတွေကို လက်လှမ်းမီသလောက် ဒုက္ခသည်စခန်းတွေကို လှူပေး ၊ ထောက်ပံ့ပေးတယ် ။ အထက်သင်ပုန်းတန်းဘက်ကို ၅ ခါ လောက် ရောက်ဖြစ်တယ်။ ကျန်တဲ့ စခန်းတွေကို အနည်းဆုံး တစ်ခါလောက်တော့ ရောက်ဖြစ် တယ်။ ရသေ့တောင် ၊ ဘူးသီးတောင် ၊ ပုဏ္ဍားကျွန်း ၊ မြောက်ဦး ၊ စတာတွေ ဖြစ်တယ်။ အဓိကကတော့ ဆန် ၊ ရိက္ခာ တွေနဲ့ လိုအပ်တာ အဝတ်အထည် ၊ အစားအသောက်တွေပါ “ ဟု မိန့်ကြားသည်။

တပ်မတော်နှင့် ရက္ခိုင်တပ်မတော် ( AA ) တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်တော်မြို့နယ်တွင် စစ်ဘေးရှောင့် စခန်း ၃ ခု ၊ မြောက်ဦးမြို့နယ်တွင် ၈ ခု ၊ ပုဏ္ဍာကျွန်းမြို့နယ်တွင် ၂ ခု ၊ ဘူးသီးတောင် မြို့နယ်တွင် ၃ ခု ရှိကြောင်း စုံစမ်းသိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com