All News Local News Peace

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ပစ်ခတ်သူများကို အရေးယူပေးရေး ရန်ကုန်တွင် ကျောင်းသားများ ဆန္ဒပြ

ရန်ကုန်၊ မတ် ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် စစ်ပွဲများ မဖြစ်စေရေးနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေး ရန်ကုန်ပညာရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက ရန်ကုန်မြို့ လှည်းတန်းစင်တာ ရှေ့တွင် ယနေ့ မွန်းလွဲပိုင်း ၁ နာရီ ၃၀ မိနစ်က ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်ရေးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေများအတွင်း စစ်ပွဲများမဖြစ်စေရေး ၊ ယမန်နေ့က ဖြစ်ပွားခဲ့သော ကိစ္စရပ်များအား စုံစမ်းစစ်ဆေး၍ နိုင်ငံတကာသဘောတူညီချက်များကို ဖောက်ဖျက်သည့် အဖွဲ့အစည်း ၊လူပုဂ္ဂိုလ်များအား အရေးယူရေး အမြန်ဆုံးဆောင်ရွက်ပေးရန် ဆန္ဒပြကျောင်းသားများက တောင်းဆိုခဲ့ကြသည်။

“ဒီနယ်မြေထဲမှာ ဘယ်သူ့ကိုမှ ပစ်လို့မရဘူး။ ဒါက UNESCO ဝင်ဖို့ ကြိုးစားနေတဲ့ နယ်မြေ။ဒီနယ်မြေအတွင်းမှာ ပစ်ခတ်မှုအတွက် အစိုးရအနေနဲ့ အရေးယူပေးရမယ်။ စစ်ပွဲတွေလည်း အမြန်ရပ်စေချင်တယ်” ဟု ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုနောင်ထက်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com