All News Web TV

“မြစ်ချောင်းများ လွတ်လပ်စွာ စီးဆင်းပါစေ” ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာ ရေကာတာ ဆန့်ကျင်ရေး နှိုးဆော်

ရန်ကုန်၊ မတ် ၁၈

“မြစ်ချောင်းများ လွတ်လပ်စွာ စီးဆင်းပါစေ”ဆောင်ပုဒ်ဖြင့် မြစ်ချောင်းများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ စုပေါင်းပြီး အပြည် ပြည် ဆိုင်ရာ မြစ်ချောင်း ထိန်းသိမ်းရေးနှင့် ရေကာတာ ဆန့်ကျင်ရေး (International Day of Action for River) ၂၀၁၉ အထိမ်းအမှတ် အခမ်းအနားအား မတ်လ ၁၃ ရက်နေ့က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၃၂×၃၃လမ်းကြား၊ ၆၇လမ်းရှိ Hotel Sakura Princess(ချယ်ရီခန်းမ)တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်းများအပေါ် ရေကာတာများ တည်ဆောက်သည့် စီမံကိန်းများကို စောင့်ကြည့်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ၊ သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင်များ၊ ကရင်၊ မွန်၊ ရှမ်း၊ ချင်း ၊ ရခိုင် ပြည်နယ် များမှ ကိုယ်စားလှယ်များ၊ KRW အဖွဲ့ဝင်များ၊ စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

နိုင်ငံတကာတွင် ရေကာတာ ဆောက်လုပ်ခြင်းများကို ရပ်ဆိုင်းထားသလို မြန်မာနိုင်ငံတွင် လည်း ဌာနေတိုင်းရင်းသားများအတွက် အာမခံချက်မရှိဘဲ အခွင့်အရေးများ ဆုံးရှုံးသောကြောင့် ရေကာတာ စီမံကိန်း များ ရပ်ဆိုင်းထားရန်လိုအပ်ကြောင်း တက်ရောက်သူများက ဆွေးနွေးပြောဆိုခဲ့သည်။

ဆက်လက်ပြီး လက်ရှိ မြစ်ချောင်းများ အခြေအနေနဲ့ ပတ်သက်ပြီး စာရေး ဆရာ ညီပုလေး ၊ ကဗျာဆရာ မောင်မှိုင်းလွင် (အင်းဝ) ၊ ဦးကိုလေး ၊ စောသာဘိုး (KRW) ၊ ဆရာဦးမြင့်ဇော် ၊ ဘွိုင်နူးတို့ပါဝင်သည့် “မြစ်ချောင်းများ လွတ်လပ်စွာ စီးဆင်းပါစေ “ခေါင်းစဉ်နဲ့ စကားဝိုင်း ဆွေးနွေးပွဲအား ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်၊ ကရင်နီ(ကယား) ပြည်နယ်နှင့် ကရင်ပြည်နယ်အပါအဝင် သံလွင်မြစ်ချောင်း တစ်လျှောက် တွင် ရေကာတာ စီမံကိန်း ၁၄ ခု တည်ဆောက်ရန် လျာထားပြီး ကရင်ပြည်နယ် ထဲတွင် ဝဲကြီး၊ ဒါးကွင်၊ ဟတ်ကြီး ရေကာတာစီမံကိန်းတို့ ပါဝင်သည်။

၁၉၉၇ ခုနှစ် ဘရာဇီးနိုင်ငံတွင် နိုင်ငံပေါင်း ၂၀ မှ အစည်းအဝေး ခေါ်ယူပြီး ရေကာတာ တည်ဆောက်ခြင်း ကြောင့် ပြည်သူများ၏ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲနှင့် ကြီးမားသည့် ပြဿနာများ မပေါ်ထွန်း ရေးအတွက် ရည်ရွယ်၍ မတ်လ ၁၄ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများ ထိန်းသိမ်းရေးနှင့် ရေကာတာ ဆန့်ကျင်ရေးနေ့အဖြစ် သဘောတူသတ်မှတ်ခဲ့ကြတာ ဖြစ်ကြောင်း သိရသည်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts