All News Local News Peace

မန်လီရွာသားများကို RCSS က ဖမ်းဆီးထားသည့် သက်သေဓာတ်ပုံများ ရရှိထားဟု တအာင်းအမျိုးသမီးအဖွဲ့ ထုတ်ပြန်

ရန်ကုန်၊ မတ် ၈

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်းရှိ မန်လီရွာတွင် တိုက်ပွဲ ဖြစ်ပွားမှု ကြောင့် ပျောက်ဆုံးသွားသည့် မန်လီရွာသားများကို ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တပ်ဖွဲ့ တို့မှ ဖမ်းဆီးထားသည့် သက်သေအထောက်အထားဓာတ်ပုံ များ ရရှိထားကြောင်း တအာင်းအမျိုးသမီးအဖွဲ့ ၊ အထွေထွေအတွင်းရေးမှူး ( ၁) လွေးပိုးကမေဲ့ခြိူင်း က ပြောသည်။

ဖေဖော်ဝါရီ ၂၆ မှ မတ်လ ၂ ရက်အတွင်း RCSS ၊ TNLAနှင့် SSPP ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မန်လီရွာသား ၁၀ ဦး ပျောက်ဆုံးခဲ့ပြီး RCSS တပ်ဖွဲ့က ရွာသား များကို ဖမ်းဆီးထားသည့် သက်သေခံအထောက်အထား ဓာတ်ပုံများ ပါ သည့် Memory Stick ရရှိထားကြောင်း တအာင်းအမျိုးသမီးအဖွဲ့ နှင့် တအာင်းကျောင်းသား လူငယ်အဖွဲ့ တို့က မတ်လ ၇ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

” အခုဖမ်းဆီးထားတဲ့ရွာသား အားလုံး အမြန်လွှတ်မြောက်နိုင်ဖို့ ရည်ရွယ်ပြီး ထုတ်ပြန် တာဖြစ်တယ်။ မန်လီတစ်ရွာလုံး သီပေါမြို့ပေါ် စစ်ရှောင့်နေရတယ်။ သူတို့ကိုလည်း အမြန်ဆုံး ကိုယ်နေရပ်ကို ပြန်နိုင်ဖို့ ရည်ရွယ်တယ်။ ပထမ သတင်းထုတ်ပြန်ချက် ထုတ်ပြန် ပေ မယ့် ဘယ်လိုမှ မဖြစ်လာဘူး ။ ရွာသား ၁၂ ယောက် ပျောက်နေဆဲ ဖြစ်တယ်။ အဲဒီ အပေါ်မှ ဘယ်တပ်ဖွဲ့မှ တုံ့ပြန်ချက် ပြောဆိုတာတွေမရှိဘူး ။ ပထမ ကျမတို့ ကြားရ သိရတဲ့ အချိန် တုန်းက တိုက်ပွဲ ဖြစ်နေတဲ့ကာလမှ SSPP /TNLA ပူးပေါင်းတပ်ဖွဲနဲ့ RCSS တို့ တိုက်ပွဲ ဖြစ်တာ နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်။ ဒါပေမဲ့ မနေ့တုန်းက Memory Card ရထားတဲ့အတွက် ကတ်ထဲဖွင့်ကြည့်တဲ့အခါမှာ RCSS ဘက်ကဖြစ်နေတဲ့ အတွက် ကြောင့်မို့ ကျမတို့က သတင်းထုတ်ပြန်ခြင်း ဖြစ်တယ်” ဟု တအောင်းအမျိုးသမီးအဖွဲ့ ၊ အထွေထွေအတွင်းရေးမှူး ( ၁) လွေးပိုးကမေဲ့ခြိူင်း က ပြောသည်။

သက်သေခံ ဓာတ်ပုံများပါသည့် မန်မိုရီကတ်တွင် RCSS က ရွာသားများကို ချည်နှောင်သည့်ပုံ ၊ မျက်လုံးပိတ်ထား သည့်ပုံ တွေ့ရှိသဖြင့် တအောင်းအမျိုးသမီးအဖွဲ့ထံသို့ ဒေသခံရွာသား တစ်ဦး က လာရောက်ပေးအပ်ခဲ့တာဖြစ်ပြီး အဆိုပါဓာတ်ပုံများကို စစ်ဆေးကြည့်ရှုရာ ပျောက်ဆုံး နေသည့် ရွာသားများ ဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရသည်။

တိုက်ပွဲများကြောင့် သီပေါမြို့ပေါ်တွင် မန်လီရွာသား ၁၀၀၀ ကျော်စစ်ဘေးရှောင်နေရပြီး ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းများတွင် တိမ်းရှောင်ခိုလှုံနေရကြောင်း သိရသည်။

” အခုလည်း မန်လီဒေသခံတွေက အရမ်းကို အိမ်ပြန်ချင်နေကြတယ်။ အခြေအနေ တွေကငြိမ်သက်ခြင်း မရှိဘူး။ ပြီးတော့ပျောက်နေတဲ့ သူတို့တွေရဲ့ ဆွေမျိုးတွေက ပြန် မရောက်သေး တဲ့အတွက် စိုးရိမ်သောကရောက်နေကြတယ်။ ပြီးတော့ ဒီမှာနေစဉ်အတွင်း လူဦးရေအရမ်းများတဲ့အတွက် စားရေးသောက်ရေးကလည်း လိုအပ်နေတယ်။ ထပ်မံပြီး တခြားအဖွဲ့တွေလာကူဖို့လည်း မျှော်လင့်နေတယ်။ ကျမတို့အဖွဲ့အနေနဲ့ အရေးပေါ် အခြေအနေ အဖြစ် သွားရောက်ကူညီခဲ့တယ်”ဟု တအာင်းအမျိုးသမီးအဖွဲ့ ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ၁ လွေးပိုးကမေဲ့ခြိူင်းကပြောသည်။

ဖမ်းဆီးခံ မန်လီရွာသားများ အမြန်ဆုံး ပြန်လွတ်မြောက်လာစေရန် အတွက်
ဒေသခံများက ဆုတောင်းပွဲကျင်းပလျက်ရှိပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုနေကြသည်။

RCSS မှ ဗိုလ်မှူးကြီး စိုင်းငင်းက နမ္မတူမြို့နယ် အတွင်းတွင်ရှိသည့် မန်လီကျေးရွာသား ၁၀ ဦး ပျောက်ဆုံးမှုကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ( RCSS) ဘက်က ပြန်လည် စိစစ်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

” အရေးကြီးတာက ဖမ်းဆီးထားတဲ့ ရွာသားအကုန်လုံး ပြန်လွှတ်မြောက်ဖို့က အရေးကြီး နေတယ်။ ပြီးရင် သူတို့ပြန်လွှတ်လာတဲ့အချိန် ရိုက်နှက်ထားခြင်းမရှိဘူး ။ ကျန်းကျန်းမာမာနဲ့ ပြန်လွတ်လာတာကို မြင်ချင်တယ်။ RCSS ဘက်ကနေ စုံစမ်းနေတယ် လို့သိရတဲ့ အတွက်အဲဒီအပေါ် ကို ကြိုဆိုတယ်။ မှန်မှန်ကန်ကန်လေး စိစစ်ပေးပါ ၊ လက်အောက်ခံ တွေက အမှန်တကယ် ကျူးလွန်တယ်ဆိုရင် အပြစ်ပေး ၊ အရေးယူပေးပါလို့ တောင်း ဆိုချင်ပါတယ်” ဟု တအောင်းအမျိုးသမီးအဖွဲ့ ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) လွေးပိုးကမေဲ့ခြိူင်းကပြောသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com