All News Peace

ဖမ်းဆီးခံရသည့် ငှက်ဖျားလူနာ သေဆုံး၊ မြောက်ဦးမြို့တွင် သဂြိုဟ်မည်

ရန်ကုန်၊ မတ် ၁၄

ရခိုင်ပြည်နယ်မြောက်ဦးမြို့ ဆေးရုံသို့လာရောက်စဉ် ဖမ်းဆီးခေါ်ဆောင်ခံရသည့် ငှက်ဖျား လူနာ မောင်လှမောင်ဝင်း အသက် ၂၃ နှစ်မှာ ကွယ်လွန်သွားပြီဖြစ်ပြီး မြောက်ဦးမြို့တွင် သဂြိုဟ်မည်ဖြစ် ကြောင်း သိရှိရသည်။

မတ်လ ၁၂ ရက်နေ့က မင်းပြားမြို့နယ်မှ မြောက်ဦးမြို့နယ်ဆေးရုံသို့ လာရောက် ဆေးကုသမှုခံယူစဉ် လူနာအပါအဝင် ကားသမားများ၊ လူနာလာပို့သူများ စုစုပေါင်း ၁၀ဦး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

“လူနာ လှမောင်ဝင်းကတော့ ဆုံးသွားပြီ။ အခု သဂြိုဟ်ဖို့ လုပ်နေတယ်ပြောတယ်။ ကျနော်က စစ်တွေမှာ။ မြောက်ဦးမှာမဟုတ်ဘူး။ စစ်တပ်က ဖမ်းတာလား၊ ရဲက ဖမ်းတာလား ကျနော်အနေနဲ့တော့ သေချာ မသိဘူး။ ဒီနေ့ သဂြိုဟ်မှာကတော့ သေချာတယ်” ဟု မြောက်ဦးမြို့နယ်မှ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

ဖမ်းဆီးခံထားရသော ကျန် ၉ ဦးနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို မသိရှိရ သေးကြောင်း ဦးထွန်းသာစိန်က ဆိုသည်။

ဓာတ်ပုံ- လှမောင်ဝင်းအသုဘ၊ Photo Credit- မြို့ဦးဂေါင်းဆရာတော်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com