All News interview Web TV

ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင် (သို့မဟုတ်) အမှန်တရားအတွက် ဘဝစတေးခဲ့သူ


By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

“ရိုက်တာသတင်းထောက် ၂ ဦးကို ရဲမှူးချုပ် တင်ကိုကိုက ထောင်ချောက်ဆင် ဖမ်းခိုင်းခဲ့တယ်”၊”အမှန်တရားကို ထုတ်ဖော်ရတာက ရဲတပ်ဖွဲ့ဝင်တွေမှာလည်း ဘယ်အဆင့်အတန်းမဆို သူ့ဂုဏ်သိက္ခာနဲ့ သူရှိပါတယ်” ဆိုတဲ့ စကားတွေ မြောက်ပိုင်းခရိုင်တရားရုံးနဲ့ ပြည်သူများကို ချပြပြီး ရာထူးဖြုတ်ခံရ၊ ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၁ နှစ်ချခံခဲ့ရတဲ့ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်ဟာ ထောင်က ပြန်လည်လွတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။

သူ့ရဲ့ ထွက်ဆိုချက်တွေကြောင့် မှားယွင်းနေတဲ့ မြန်မာ့တရားစီရင်ရေးနဲ့ အာဏာနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုနဲ့ သတင်းလွတ်ခွင့်ကို ဖိနှိပ်မှုတွေကို ကမ္ဘာက သတိထားမိခဲ့ပါတယ်။

ဒုရဲမှူးဟောင်းဦးမိုးရန်နိုင် ဘယ်လိုလူစားပါလဲ။ သူဘာကြောင့် အမှန်တရားအတွက် သူ့ရဲ့ ဒုရဲမှူး ရာထူး၊ ဘဝ၊ မိသားစုကို စတေးပြီး ထွက်ဆိုခဲ့ပါသလဲ။ ရန်ကုန်ခေတ်သစ်က သူ့ဘ၀ အကြောင်း တစေ့တစောင်းကို တွေ့ဆုံမေးမြန်းထားပါတယ်။ တွေ့ဆုံမေးမြန်းခန်းကို အပိုင်း ၃ ပိုင်း ခွဲခြားပြီး တင်ဆက်သွားမှာဖြစ်ပါတယ်။

ရိုက်ကူး/တည်းဖြတ်- စိုးထွန်းသိန်း(ရန်ကုန်ခေတ်သစ်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com