All News Local News Peace

တိုက်ပွဲ ၇ ရက်အတွင်း တပ်မတော်သား ၁၂၀ ထိခိုက်ကျဆုံးရှိနိုင်ဟု အေအေ ထုတ်ပြန်

ရန်ကုန်၊ မတ် ၂၅

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရခိုင်တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ၁၃ ရက်အတွင်း တပ်မတော်သား ၁၂၀ ထိခိုက်သေဆုံးမှုများရှိကြောင်း ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ အေအေက မတ်လ ၂၄ ရက်နေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

မတ်လ ၁၆ ရက်နေ့မှ မတ်လ၂၃ ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မတ်လ ၁၆ ရက်နေ့တွင် ပလက်၀ မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် လည်းကောင်း ၊ မတ်လ၁၇ ရက်နေ့တွင် ပလက်ဝ၊ ပုဏ္ဏားကျွန်း ၊ဘူးသီးတောင်၊ မြောက်ဦးမြို့နယ်တွင်လည်းကောင်း၊ မတ်လ ၁၈ ရက် မြန်မာ–ဘင်္ဂလားနယ်စပ် နှင့် မြောက်ဦးမြို့နယ် တွင်လည်းကောင်း၊ မတ်လ၁၉ ရက်နေ့ ဘူးသီးတောင်နှင့် မြောက်ဦးမြို့နယ်တွင် လည်းကောင်း၊ မတ်လ၂၀ ရက်နေ့ မြောက်ဦးမြို့နယ်တွင်လည်းကောင်း၊ မတ်လ၂၁ ရက် မြောက်ဦး၊ ဘူးသီးတောင် ၊ ပလက်ဝမြို့နယ်တို့တွင်လည်းကောင်း၊ မတ်လ၂၂ ရက်နေ့ ပုဏ္ဏား ကျွန်း၊ မြောက်ဦးမြို့နယ် တို့တွင်လည်းကောင်း၊ မတ်လ ၂၃ ရက် မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင်လည်းကောင်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း အေအေက သတင်းထုတ်ပြန်သည်။

မတ်လ၁၆ ရက်နေ့မှ ၂၃ ရက်နေ့အထိရခိုင်ပြည်နေရာအနှံ့တွင် တိုက်ပွဲများနေ့တိုင်းဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ ကျဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူစုစုပေါင်း ၁၂၀ ကျော်အထိရှိနိုင်ကြောင်း အေအေ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို အေအေ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com