China Watch Local News political news

တရုတ်အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်တွင် ရခိုင်နှင့် ငြိမ်းချမ်းရေး ဦးစားပေး ဆွေးနွေး

ရန်ကုန်၊ မတ် ၂

မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စာဆွန်ကော်ရှန်း၏ ခရီးစဉ်တွင် ရခိုင်နှင့် ငြိမ်းချမ်းရေး ကိစ္စကို ဦးစားပေးဆွေးနွေးမှုများ ပြုလုပ်နေကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်းသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ် အရေးကိစ္စတို့တွင် တရုတ် နိုင်ငံက အပြုသဘော ဆက်လက်ကူညီဆောင်ရွက်ပေးမည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။

အလားတူ တရုတ်အထူးကိုယ်စားလှယ်သည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ လှဖိုးခေါင်ကြားစခန်း၊ ရွေဇားကျေးရွာနှင့် မင်းကန်တို့ကို သွားရောက်ခဲ့ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နေပြည်တော်တွင် တွေ့ဆုံပြီး ARSA နှင့် AA ပူးပေါင်း ရခိုင်ပြည်နယ်တွင် မတည်မငြိမ်ဖြစ်စေရန် လုပ်ဆောင် နေသည်ဟု တပ်ချုပ်က ပြောဆိုဆွေးနွေးကြောင်း၊ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရရှိရေး တပ်မတော်က ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် တရုတ်က ထောက်ခံအားပေးမှုများ ကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မတ်လ ၁ ရက်နေ့တွင် တရုတ်ကိုယ်စားလှယ်သည် အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် သွားရောက် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များ၊ တရုတ်နိုင်ငံက ဆက်လက်အကူအညီပေးမည့်ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com