All News Local News Web TV

“ကျွန်ုပ်တို့ ဓလေ့ ၊ ကျွန်ုပ်တို့ဘဝ” ဓလေ့ထုံးတမ်းဆိုင်ရာ မြေယာရပိုင်ခွင့် အခွင့်အရေး ထုတ်ပြန်ကြေညာချက် အစီရင်ခံစာ မိတ်ဆက်ရှင်းလင်း

By နန့်အိသူ/ရန်ကုန်ခေတ်သစ်

ရှမ်းပြည်နယ်အခြေစိုက် အရပ်ဖက်လူ့အဖွဲ့အစည်း ၁၉ ဖွဲ့ စုပေါင်းပြီး “ကျွန်ုပ်တို့ ဓလေ့ ၊ ကျွန်ုပ်တို့ဘဝ “အမည်ပေးထားတဲ့ ဓလေ့ထုံးတမ်းဆိုင်ရာ မြေယာရပိုင်ခွင့် အခွင့်အရေး ထုတ်ပြန်ကြေညာချက် အစီရင်ခံစာ တစ်စောင်ကို မတ် ၁၁ ရက်နေ့က ရန်ကုန်မြို့ ၊ Orchid Hotel တွင် မိတ်ဆက်ရှင်းလင်းခဲ့သည်။

အဆိုပါအစီရင်ခံ စာစောင်တွင် ဋ္ဌာနေတိုင်းရင်းသားများ၏ မြေနှင့် သယံဇာတအရင်းအမြစ် အသုံးချမှုစနစ်၊ ဓလေ့ထုံးတမ်းစနစ်များ ရှင်သန်ရာ အခင်းအကျင်းများ ပြောင်းလဲလာခြင်း ၊ ဓလေ့ထုံးတမ်းစနစ်ကို တိုက်ရိုက်ခြိမ်းခြောက်နေသည့် အန္တရာယ်များ ၊ တောင်းဆိုချက်များ ၊ အကြံပြုချက်များကို ထည့်သွင်းဖော်ပြထားသည်။

အစီရင်ခံစာစောင်ပါ အချက်အလက်များကို အစိုးရ ၊ တိုင်းရင်းသားလက်ကိုင်အဖွဲ့အစည်း၊ တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံပြီး တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

(၁) ဓလေ့ထုံးတမ်းမြေယာ စီမံခန့်မှုအား အသိအမှတ်ပြုလိုက်နာရေး

(၂) လက်ရှိမြေလွတ် ၊ မြေလပ် ၊ မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေကို ပယ်ဖျက်ရေး

(၃) ဖယ်ဒရယ်စနစ် အခြေခံသော အမျိုးသား မြေသုံးချမှုစနစ်နှင့် အမျိုးသားမြေဥပဒေသစ်တစ်ရပ် ဖော်ဆောင်ရေး စတာတွေကို တောင်းဆိုသွားမည်ဖြစ်ကြောင်း တက်ရောက်လာသူများက ပြောဆိုသည်။

မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ၂၀၀၈ ခုနှစ် ၊ စက်တင်ဘာ ၁၁ ရက်နေ့ တွင် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ မြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများကို ၆ လအတွင်း (၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ၊ မတ် ၁၁ ရက်နေ့) အတွင်း ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး ၊ မလျှောက်ထားပါက အသုံးပြုသည့် မြေများကို သိမ်းဆည်းမည့်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းဥပဒေသည် တိုင်းရင်းသားများ၏ အသက်မွေးကျောင်း၊ ယဉ်ကျေးမှု ၊ သဘာဝအရင်းအမြစ်များကို ပျက်သုဉ်းစေသည့် ဥပဒေဖြစ်ပြီး အစိုးရ နှင့် ပြည်သူလူထုအကြား ယုံကြည်မှုကို ထိခိုက်စေရုံသာမက ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအပေါ်တွင် ဆိုးရွားသည့်သက်ရောက်မှုများ ရှိနေမည်ဖြစ်ဖြစ်ကြောင်း သိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com