All News Local News Web TV

“ကျောက်မီးသွေးကြောင့် အမျိုးသမီးတွေမှာ ကိုယ်ဝန်ပျက်ကျမှုနှုန်းတွေ မြင့်လာတာ၊ ပေါင်မပြည့်တဲ့ ကလေးမွေးတာ၊ အရေပြားရောဂါတွေ ဖြစ်လာတယ်”

By သာလွန်ဇောင်းထက်(ရန်ကုန်ခေတ်သစ်)

MATA ရှမ်းပြည်အဖွဲ့ခွဲ တာဝန်ခံနှင့် နေပြည်တော်ရုံးတာဝန်ခံ ဦးအောင်ကျော်မိုး နှင့်တွေ့ဆုံခြင်း အပိုင်း ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ်ကျောက်မီးသွေး လျှပ်စစ် ဓာတ်အားပေး စက်ရုံကို ၂၀၀၁ ခုနှစ်၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက် ရေးကောင်စီ (နဝတ) အစိုးရ လက်ထက်တွင် စတင်အကောင် အထည်ဖော်ခဲ့ သည်။

တရုတ်နိုင်ငံ အမျိုးသားအကြီးစား စက်မှု လုပ်ငန်းကော်ပိုရေးရှင်း ကုမ္ပဏီ (China National Heavy Machinery Corporation-CHMC) က ၂၀၀၄ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် စက်ပျက်ခြင်း၊ နည်းပညာအားနည်းခြင်း ၊ ဒေသခံပြည်သူ များက ရပ်ဆိုင်း ရန် တောင်းဆိုခြင်းများကြောင့် ခေတ္တရပ်နားခဲ့ပြီး ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်နေ့ တွင် ဓာတ်အားပေးစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးအတွက် တရုတ်နိုင်ငံမှ Wuxi Huanggaung Electric Power Engineering ကုမ္ပဏီနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သဘောတူ စာချုပ် ကို လက်မှတ်ရေး ထိုးခဲ့ကြသည်။

အဆိုပါစက်ရုံစတင်တည်ဆောက်ချိန်မှစ၍ ပြည်တွင်း ကုမ္ဗဏီများလည်း ပါဝင်ပတ်သက် ခဲ့ကြပြီး လက်ရှိအချိန်ဧဒင်ကုမ္ဗဏီက ပါဝင် ပတ်သက်နေဆဲဖြစ်သည်။ တီကျစ် ကျောက် မီးသွေးစက်ရုံကြောင့် ဒေသခံ ပြည်သူတို့၏ ဘဝများ အဆိပ်သင့်နေပုံများနှင့် ပတ် သက်ပြီး MATA နေပြည်တော်ရုံးတာဝန်ခံ ဦးအောင်ကျော်မိုးကို တွေ့ဆုံ မေးမြန်းထားပါသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com