All News Local News

ကျောက်တော်မြို့နယ်တွင် ကျေးရွာသား ၄ ဦးကို မတရားအသင်းဆက်သွယ်မှု ဥပဒေဖြင့် ဖမ်းဆီး အမှုဖွင့်

ရန်ကုန်၊ မတ် ၃

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ကျေးရွာသား ၄ ဦးကို မတရားအသင်း ဆက်သွယ် မှု ဥပဒေ ပုဒ်မ ၁၇ (၁) (၂) ဖြင့် ဖမ်းဆီး အမှုဖွင့်ထားကြောင်း ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ပြောသည်။

သရက်တစ်ပင်ကျေးရွာမှ ရွာသား ၂ ဦး ၊ မဟာမုနိကျေးရွာမှ ရွာသား၂ ဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီး၍ မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) (၂) ဖြင့် အမှုဖွင့်ထားခြင်းဖြစ် ကြောင်း သိရှိရသည်။

မြောက်ဦးမြို့နယ်တွင်လည်း ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူး ၄ ဦးကို မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် အရေးယူထားသဖြင့် အုပ်ချုပ်ရေးမှူး ၉၀ က နုတ်ထွက်လွှာ တင်သွင်း နုတ်ထွက်သွားကြပြီဖြစ်သည်။

သို့ရာတွင် ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဌေး မောင်က မြောက်ဦးမြို့နယ်မှ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူး ၉၀ နုတ်ထွက်မှု ကို လတ်တလော ခွင့်မပြုသေးဘဲ တစ်ဦးချင်း နုတ်ထွက်လွှာတင်ပြမှသာလျှင် ဥပဒေနှင့်အညီ နုတ်ထွက်ခွင့်ပြုမည်ဖြစ်ကြောင်း ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts