All News Local News

ကလေး-ရန်ကုန် High Class ခရီးသည်တင်ယာဉ် တိမ်းမှောက်၊ သံဃာ ၃ ပါးအပါအဝင် ၈ ဦးသေဆုံး

ရန်ကုန်၊ မတ် ၅

ကလေး- ရန်ကုန် ပြေးဆွဲနေသော High Class ခရီးသည်တင်ယာဉ် သည် မတ်လ၅ ရက်နေ့ နံနက်၆ နာရီအချိန်ခန့် နေပြည်တော်-ရန်ကုန်လမ်း မိုင်တိုင်အမှတ် ၇၇/၃-၇၇/၄ ကြား တွင် တိမ်းမှောက်သွားပြီး သံဃာ ၃ ပါးအပါအဝင် ၈ ဦးသေဆုံးကြောင်း ၊ ၂၅ ဦးဒဏ်ရာရရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ ယာဉ်သည် နောက်ယာဘက်ဘီးပေါက်ကာ လမ်းလမ်းကျွန်းအား တိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com