All News Web TV

ကရင်ပြည်နယ်၊ ရွှေကုက္ကိုမှ တရုတ်မြို့တော်

ရန်ကုန်၊ မတ် ၄

ကရင်ပြည်နယ်၊ ထိုင်းမြန်မာနှစ်နိုင်ငံ နယ်စပ်၊ ရွှေကုက္ကိုတွင် တရုတ်က တည်ဆောက်နေသည့်
ဧရိယာမှာ ဧက ၂၀၀၀ (ဟက်တာ ၈၀၀ ကျော်) မြို့ အကြောင်း ဘာတေးလစ်တနာက Asia Time တွင် ရေးသားခဲ့သည်။ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံအထိ ရင်းနှီးမြှုပ်နှံမှု ရှိနိုင်သည်ဟု ဖော်ပြသော ထိုရင်းနှီးမြှုပ်နှံမှုသည် တရုတ်နိုင်ငံပိုင်ကုမ္ပဏီ Jilin Yatai Group က ကျောထောက် နောက်ခံ ပေးထားသည်ဟု သတင်းထွက်နေသည်ဟု ဆိုထားပြီး ထိုကုမ္ပဏီသည် Myanmar Yatai International Trading Company ဆိုသော အမည်ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက မှတ်ပုံတင်ခဲ့ကြောင်း ရေးသားထားသည်။

ထိုကုမ္ပဏီနှင့် BGF နယ်ခြားစောင့်တပ် ဗိုလ်မှူးကြီး စောချစ်သူတို့သည် ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက မိတ်ဖက်ပူးပေါင်းရေး စာချုပ် တစ်ရပ်ချုပ်ဆိုခဲ့ရာမှ ထိုတရုတ်မြို့လေး ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ကရင်ပြည်နယ် ဒေသခံတစ်ဦးက ၁ မိနစ်နီးပါး ကြာမြင့်အောင် ရိုက်ကူးထားသော ယင်းတရုတ်မြို့ လေးအကြောင်း ဗီဒီယိုကို ရန်ကုန်ခေတ်သစ်က ပြန်လည် မျှဝေပေးလိုက်ပါသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts