All News Local News

အစိုးရဝန်ကြီးဌာနတွေ တာဝန်ယူဖို့ ငြင်းနေတဲ့ Red Dot ပိတ်သိမ်းမှုနဲ့ နောက်ဆက်တွဲ ပြည်သူတွေရဲ့ နစ်နာမှုများ

By ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံတစ်ဝန်း ကိုယ်စားလှယ်ပေါင်း နှစ်သောင်းကျော်ရှိသော Red dot က ကုမ္ပဏီပိတ်သိမ်းပြီး တာဝန်ရှိသူများ ထွက်ပြေးတိမ်းရှောင်မှုကြောင့် ကိုယ်စားလှယ်များ ငွေကြေး နစ်နာမှုများစွာ ဖြစ်ပေါ်လာနေသည်။ ဗဟိုဘဏ်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ပါအဝင် အစိုးရ ဌာနဆိုင်ရာများကလည်း Red dot နှင့်ပတ်သက်၍ တာဝန်မရှိဟု ငြင်းဆိုနေကြချိန် ပြည်သူများမှာ ငွေကြေးနစ်နာမှုများစွာ ဖြစ်ပေါ်နေသည့်အတွက် ငွေကြေးနစ်နာနေသော ပြည်သူတို့၏ အသံများကို တင်ပြပေးလိုက်ပါသည်။

ကိုစည်သူ
Red Dot ကိုယ်စားလှယ်

သူတို့က ၂၀၁၅ ၊ ၂၀၁၆ ကတည်းက စတာ။ ကျနော်တို့ ၂ သိန်းရင်းတော့မယ်ဆိုရင် MPT ၊ Telenor Top Card လည်း ရောင်းရတယ်။ အဲဒါလေး သဘောကျပြီး သူတို့နဲ့ ဆက်သွယ်ကြည့်တာ။ လက်ရှိ စက်ထဲမှတော့ ၇ သိန်းပတ်ဝန်းကျင်တော့ ရှိသေးတယ်။ ကျနော်တို့မှာ Red dot Pin ဆိုတာ ရှိတယ်။ သူတို့က ၅ သောင်း ကျော်ရှိတယ်။ Deposite တင်ထားတာက ၇ သောင်းခွဲဆိုတော့ အကုန်လုံး ၈ သိန်း ၂ သောင်း ပတ်ဝန်းကျင် ရှိပါတယ်။

စတင်ဆက်သွယ်မှုတာက ငွေကြေးကတ်တွေအကုန်လုံး ကို ငွေ ၂ သိန်း သွင်းထားရင် အကုန်ရောင်းလို့ရတယ်။ Telenor ၊ MPT တွေကို တစ်ကတ်ချင်းဆီ ရောင်းစရာ မလိုဘဲ သူစက်ထဲမှ ၂ သိန်းထည့်ထားတာနဲ့ Pin တွေ အကုန်ထွက်အောင် ရောင်းလို့ရတယ်။ အကျိုးအမြတ် ခံစားခွင့်ကတော့ ရှိပါတယ်။ သူတို့လည်း လုပ်ခဲ့တော့ အကျိုးအမြတ် ပေးပါတယ်။ ၅ ရာခိုင်နှုန်း ၊ ၄ ဒသမ ၅ ရာခိုင်နှုန်းတော့ ပေးပါတယ်။ ရာခိုင်နှုန်းအပေါ် ပေးပါတယ်။ သူတို့ Top Card တွေ အားလုံးလည်း အဆင်ပြေတယ်။ သူတို့က Promotion လည်း ပေးတယ်။ ပြီးခဲ့တဲ့ ၄ လ လောက်က ၂၅ သိန်း ထည့်မယ်ဆိုရင် ကျနော်တို့ အေဂျင်တွေကို တစ်သောင်းခွဲ ပြန်ရတယ်။ ကျနော်တို့ကလည်း ၂၅ သိန်းလည်း ခဏပဲ ရောင်းရတာလေ။ ဒါပေမယ့် ၇ သိန်း ၂ သောင်းလောက် ကျန်နေမှာ စက်က Error တက်သွားတယ်။ အဲ့အချိန်မှာ သူတို့ Call Center ကို ဆက်တယ်။

သူတို့ကလည်း စက်ပြင်နေတယ်။ Network Error တက်နေတယ်။ အဲ့လိုပဲ အကြောင်းအမျိုးမျိုး ပြတယ်။ ကျနော်တို့ကလည်း သိပ်သတိမထားမိဘူး။ ပြီးခဲ့တဲ့ ၂ ပတ်လောက်က ဆက်သွယ်လာတယ်။ ကျနော်တို့ အကောင့်ကို ပြန်ထည့်ပေးမယ်။ နာမည်တွေတောင် ယူသွားသေးတယ်။ အဲဒီလိုမျိုး မက်လုံးပေးတာတော့ မဟုတ်ဘူး။ ကျနော်တို့က အဓိက ငွေလွှဲလုပ်ငန်းကို အဓိက လုပ်တာဆိုတော့ အဓိက Top card ရောင်းရဖို့ပဲလေ။ ကျနော်တို့ အခုဆိုရင် True Money တွေလည်း ရောင်းနေတာပဲ။

ဒါပေမယ့် ပြောချင်တာက Red dot လို့မျိုး နောက်ကုမ္ပဏီတွေ မဖြစ်ဘူးလို့ ဘယ်သူက အာမခံပေးရဲလဲ။ တစ်နိုင်ငံလုံးအနေနဲ့ တစ်ဦးဆိုရင် အနည်းဆုံး ၂ သောင်းဆိုရင် သိန်း ၂ သောင်းကျော်လောက် ဖြစ်နေပြီ။ အနည်းဆုံး သိန်း ၅ သောင်းလောက် ပါမယ်ထင်တယ်။ တချို့လူတွေက တစ်သိန်းလောက် ၊ တချို့ ဆိုရင် တစ်သိန်းခွဲ ၊ တစ်ချို့ဆိုရင် ၃ သိန်းခွဲလောက် ကိုယ်ရဲ့နီးစပ်ရာ ပတ်ဝန်းကျင်မှ အဲ့လို့တော့ ကြားနေရတယ်။ လူတစ်ယောက်ဆိုရင် အနည်းဆုံး ပျင်းမျှ ၉ သောင်း လောက်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ စက်ဖိုး ၇ သောင်းခွဲလေ။ အများဆုံးဆိုရင် ၁၀ သိန်းဖိုးလောက် ရှိမယ်ဆိုရင်ပေါ့။ Promotion ကို လိုက်တဲ့သူဆိုရင် ၁၀ သိန်းလောက် ရှိမယ်ထင်တယ်။ စလုပ်တဲ့အချိန်က အမြတ်တော့ ရပါတယ်။ ၂ သိန်းရင်းမယ်ဆိုရင် ၃ ထောင်လောက်တော့ မြတ်တာပဲ။ Top Card ရောင်းတာနဲ့ အတူတူပဲ။ ဥပဒေပိုင်းဆိုင်ရာတော့ လုပ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကတရားစွဲဆိုမယ်ဆိုရင် သေချာတယ်။ ရှေ့နေခ ဖိုးနဲ့ ၁၀ သိန်းလောက်ကုန်နေပြီ။ အဲ့ဒါမျိုးဖြစ်နေပြီးဆိုရင် အစိုးရအနေနဲ့ ဘယ်လို့ ပုံစံမျိုးတွေ ပြန်ထိန်းကွပ်မလဲ။ ဒါမျိုးတွေ နောက်မဖြစ်အောင်၊ အခု ဆိုရင် Mobile Money ကများနေပြီ။ အဲ့လို့ ဝန်ဆောင်မှုတွေကို ဘယ်လို့ပုံစံမျိုး ထိန်းချုပ်မလဲ။ ပြီးတော့ ကုမ္ပဏီလိုင်စင်ချတဲ့အခါမှာလည်း စိစစ်ဖို့ ၊ နိုင်ငံခြားသား Investment တွေကို သေချာစိစစ်ဖို့တော့ လိုလာပြီ ထင်မိတယ်။

ကိုသန်းဇော်ဝင်း
လှိုင်သာယာ Red Dot ကိုယ်စားလှယ်

ကျနော်ကတော့ ဆုံးရှုံးမှုက ၂ သိန်းကျော်ပဲ ရှိတယ်။ Red dot နဲ့ လုပ်ငန်းစလုပ်တာက ကြာပါပြီ။ ၂၀၁၅ ကတည်းက လုပ်တာ။ စက်ဖိုးက ၇ သောင်းခွဲနှင့် ပိုက်ဆံက ၁ သိန်း ၇ သောင်းကျော် ။ ကျနော်က ဖုန်းဆိုင်ဆိုတော့ ငွေဖြည့်ကဒ်ရောင်းတယ်။ အရင်တုန်းက အဆင်ပြေပါတယ်။ ဒီနှစ်ပိုင်းပဲ ဖြစ်တာ ။ အခုလို သိတော့ စက်ကို အပ်လိုက်သေးတယ်။ ၂၀၁၈ ၊ နိုဝင်ဘာလကတည်း ကသိတာ။ ဒီဇင်ဘာလလောက်က စက်ကို သွားပြန်အပ်လိုက်သေးတယ်။ ပိုက်ဆံကိုတော့ ၃ လပိုင်းလောက်မှ ကျနော်အကောင့်ကို ဘဏ်ကနေ ပြန်ထည့်ပေးမယ်လို့ ပြောသေးတယ်။ ကျနော်က ငွေဖြည့်ကတ်ရောင်းတော့ ရောင်းလို့မရတော့ အသုံးမလိုတော့ဘူး ဆိုပြီး ပြန်အပ်လိုက်တာ။ အဆင်ပြေလား မပြေလားဆိုတာ ကျနော်က မစောင့်နိုင်ဘူးလေ။ နောက်ပြီးတော့ ငွေဖြည့်ကတ်ရောင်းတော့ ပိုက်ဆံသပ်သပ်အပိုကုန်တယ်လေ။ မလိုအပ်ဘူးဆိုပြီး ရောင်းလိုက်တာ။ အပြင်က Credit Card တွေပဲ ယူရောင်းတော့တာ။ နောက်ပိုင်း ရောင်းလို့မရတော့လို့ သွားပြန်အပ်လိုက်တာ။ အခု ၂ သိန်းခွဲကျော် တော်တော် ပါသွားတယ်။ ကျနော်တို့အနေအထားတွေဆိုရင် ပိုက်ဆံ ၂ သိန်းကျော်က ပိုက်ဆံပဲ။ သူများ ၁၀ သိန်းဆိုလည်း သူအနေအထားအရ တန်ဖိုးရှိတာပဲ။ ဒါပေမဲ့ ဖြစ်ဖြစ်မြောက်မြောက် တိုင်ကြားတဲ့သူရှိရင်တော့ ကျနော်တို့ကတော့ လိုက်လံပေးမယ်။ ပံ့ပိုးပေးမယ်။ ဒီလို့ လိမ်သွားတာတော့ လုံးဝလက်မခံနိုင်ပါဘူး။

မစုဝေ
Red Dot ကိုယ်စားလှယ် (ရန်ကုန်)

ကျမတို့က ဆိုင် ၂ ဆိုင် ရှိတယ်။ ပထမ တစ်ဆိုင်ကျတော့ Red dot စပေါ်ကတည်းက ပုံစံအသစ်ဆိုတော့ စိတ်ဝင်စားတယ်။ ပြီးတော့ သူတို့က လာပြီး Marketing လာဆင်းတော့ ယူလိုက်တာ။ စက်ဖိုးကို စပေါ် ၅ သောင်း အရင်သွင်းရတယ်။ သွင်းပြီးမှ တစ်ပတ်လောက်မှ စက်လာချတယ်။ ပိုက်ဆံတော့ အရင်သွင်းရတာပေါ့။ အဲဒါက တော်တော်ကြာပြီး ၃ နှစ်လောက် ရှိပြီ။ နောက်တစ်လုံးက နောက်တစ်ဆိုင် ဖွင့်တော့ ထပ်ယူလိုက်တော့ ၂ လုံး ဖြစ်သွားတယ်။ ၂လုံးကလည်း ၅ သောင်းသွင်းရတယ်။ Bill ကတော့ လာလာထည့်တာပေါ့။ နောက်ပိုင်း Network Error တွေက ခဏခဏ တက်လာတယ်။ မရတော့ဘူး။ မရတဲ့အပြင် ဝန်ထမ်းတွေက ဘယ်လိုမျိုး ဆိုတော့ နောက်တစ်ဆိုင် ဖွင့်တဲ့အခါကျတော့ နာရေးရှိလို့ ၊ ခဏပိတ်ထားပါတယ် ပြောလည်း သူတို့က မရဘူး။ ဘေလ် မထည့်ဘူးလား ပြောပြီး အတင်းထည့်ခိုင်း၊ အကြွေးတောင်းသလို သူတို့ဘေလ်ကို တောင်းတာ။ မိုးတွင်းဘက်မှ ဆိုင်ပြင်တော့ အဲလိုပဲ။

မိုးတွင်းဆိုတော့ ဆိုင်ပြင်တော့ မှန်းထားတာထက်ပိုကြာတယ်။ ပြောတော့ တစ်ပတ်နဲ့ ပြီးမယ်ဆို၊ အခုထိ ဆိုင်က မပြီးသေးဘူးလား ဆိုပြီး အဲဒီလိုမျိုး ဝန်ထမ်းတွေက စကားပြောတာအဆင်မပြေဘူး။ သူတို့ ဘေလ် မထည့်ဘူးဆိုရင်၊ ဘေလ်ကလည်း သူတို့ဆီက ဘယ်သူမှမယူဘူး။ စက်ဖိုးလည်း ကြိုပေးထား။ ဘေလ်ဖိုးလည်း ကိုယ်ကပဲ အရင်ကြိုပေးထားတာ။ အခုကျတော့ သူတို့ ပြဿနာတက်တော့ ကိုယ်တွေ ဘေလ်တွေက အဲဒီအထဲမှာမြုပ် ၊ အဲဒီတုန်းကတော့ တစ်ခုစ နှစ်ခုစတော့ ရောင်းရသေးတယ်။ ကုန်သွားတဲ့အခါ Bill မထည့်ဘူး။ မထည့်တဲ့တာကို ဝန်ထမ်းကောင်မလေးက အစ်မ သူက ခွင့်ယူမှာ ။ ဒီကြားရအောင် ၊ သူခွင့်ယူတုန်း လူမလာရင် မကောက်ဖြစ်ရင် အစ်မတို့ မရောင်းရမှာ ဖြစ်လိမ့်မယ်။ သူခွင့်ယူရင် ကြာပါလိမ့်မယ်ဆိုပြီး ကျမတို့က မထည့်ဘူး ငြင်းပြီးမှ ထပ်ထည့်လိုက်တာ။ နောက်ထပ် ၁ သိန်းခွဲပေါ့။ အဲ့နေ့ စပြီး သူတို့ကို ဆက်သွယ်လို့ မရတော့ဘူး။ အဲ့ကျမှ သူတို့ Red dot က ပြဿနာတွေ တက်လာပြီ။ အမှန်ဆိုရင် မရဘူးဆိုရင် အဲ့လို့မျိုး ညာပြီး မသွင်းခိုင်းသင့်ဘူး။ သူတို့က ရသလောက်ကို သွင်းသွင်းခိုင်းတာ။ ဝန်ထမ်းကောင်မလေးတွေဆိုရင်လည်း ခွင့်ယူမှာမို့လို့ အတင်းထည့်ခိုင်း၊ တစ်ဝက်လောက်ပဲ လုပ်ပေးရမလား အတင်းကြီးကိုဆွယ်တာ။ အရင်တုန်းကဆိုရင် ၁ သိန်းခွဲ အနည်းဆုံးထည့်မှာ ရမှာဆိုတာရှိသေးတယ်။

ကျမ ပထမစက်တစ်လုံးကျတော့ ကံကောင်းတယ်။ ကျမတို့က ဖုန်းကတ်နဲ့ တွဲရောင်းတယ်ဆိုတော့ ထပ်မထည့်ဖြစ်တော့ဘူး။ စက်ဖိုး ၅ သောင်းပဲ ပါတယ်။ ဒုတိယ တစ်လုံးကျတော့ နောက်ထပ် ၁ သိန်းခွဲ ၊ စက်ဖိုး ၅ သောင်း ဆိုတော့ အားလုံး ၂ သိန်း ၊ ၂ လုံး စာရင်တော့ ၂ သိန်းခွဲ ရှိတယ်။ ကျမတို့ စက်လည်း သွားအပ်တယ် ။ သွားအပ် သူက ၄ လပိုင်းကုန်လောက် ထည့်ပေးမယ်လို့ ပြောတာပဲ။ အခုကျတော့ ရုံးကို ပိတ်ချလိုက်ပြီဆိုတော့ ရမယ့်ပုံတော့ မမြင်ဘူး။ အဲ့တုန်းကလည်း ပြောတယ်။ လူတွေက သူတို့ကို facebook ကနေ ပြောကြတယ်။ ဆဲကြတယ်။ စားသုံးသူရေးရာကို တိုင်မယ် ဘာညာပြောတာပေ့ါ။ အဲ့ဟာတွေကလည်း တကယ်တော့ လုပ်လို့မရဘူး ။ အခုခေတ်က ငွေများ တရားနိုင်ခေတ်တဲ့ သူတို့က အဲ့လိုပြောသေးတယ်။ ကိုယ်တွေကို ။ ကျနော်တို့က ကိုယ့်လူကို ကြည့်စရာ မလိုဘူး။ အထက်လူကို ပေးပေါင်းရင် ရတယ် ဆိုပြီး ပြောတယ်။ ကျမတို့ကတော့ ကိုယ့်ပိုက်ဆံ ပြန်ရရင်၊ ကျမတို့က ၅ လ ပိုင်းကုန်လောက် ချိန်းတာ။ ဖြစ်ချင်တော့ ၄ လပိုင်းကုန်လောက် ၁ ယောက်လွှတ်ပေးပြီး အဲ့ထဲထည့်ပေးမယ် ဆိုပြီး ပြော။ အခုကျတော့ သိပ်မကြာဘူး၊ အခုလိုမျိုး ပိတ်လိုက်ပြီးဆိုတော့။

အစကတော့ လူတွေက ဘယ်လို့ စလုပ်ရမလဲ မသိတာပေါ့။ အကုန်လုံးက ကိုယ့်ဆိုင်အလုပ်နဲ့ ကိုယ်ဆိုတော့ ရနိုး ရနိုး ဖြစ်နေကြတာ။ တကယ်လို့ တစ်ယောက်တစ်ယောက်က ဦးစီးလုပ်ရင် အကုန်လုံးက ပါမယ်လူတွေကြီးပဲ။ အကုန်လုံးက ဘလိုင်းကြီးပဲ ခံလိုက်ရတာလေ။ သူတို့ ပစ္စည်းယူပြီး ကိုယ်က ပြန်မပေးတာလည်း မဟုတ်ဘူးလေ။ ကိုယ့်ပိုက်ဆံကို ကိုယ်က ကြိုကြိုပြီး ပေးထားပြီးမှ သူတို့က ရုတ်တရက် ရမယ် ၊ ရမယ် ဆိုပြီး ၊ ပြီးတော့ သူ့အပြောအဆိုတောင် ကိုယ်က ပြန်ခံရမယံသဘောမျိုး ဖြစ်နေတယ်။ ကျမတို့တောင် နောက်ပြန်ဆက်သွယ်ဖို့ ၊ စက်ပြန်ရရင် ပြန်ယူဖို့တောင် ပြောထားသေး ၊ နောက်ဆိုရင် သူတို့ဟာကို ဘယ်သူမျှ ယှဉ်နိုင်တော့မှာ မဟုတ်ဘူး။ သူတို့က နည်းပညာ တွေ မြင့်အောင် ၊ ပိုကောင်းအောင် လုပ်နေတယ်လို့ စက်သွားအပ်တုန်းက အဲ့လိုတောင် ပြန်ပြောသေး။ ပြန်ရရင် ပြော၊ ကျမတို့က ဒီစက်ကို ပြန်သုံးပေးမယ်လို့တောင် ပြောထားသေးတယ်။ အခုကျတော့ အခုကျတော့ ရုံးတောင် ပိတ်လိုက်ပြီးလေ။ အဲ့ကျတော့ ဘယ်သူမှ ဘယ်လို့စလုပ်ရမှန်း မသိ၊ နားမလည်ကြဘူးလေ။ တစ်ယောက်က ဦးဆောင်တိုင်ကြားရင်တော့ ပါဝင်မယ်။ ကိုယ့်ပိုက်ဆံ ကိုယ်ပြန်လိုချင်တဲ့ သူတွေပဲလေ။ ငွေက မြုပ်နေတာလေ။

တစ်ဆိုင် တစ်ဆိုင် နည်းနည်းနဲ့ ဆိုရင် မနည်းဘူးလေ။ အနည်းဆုံးက တစ်သိန်းခွဲနှင့် ၂ သိန်းကြားမှာပဲ။ တချို့ဆိုရင် ၃ သိန်းခွဲ လောက်ရှိတယ်။ ကျမတို့ ရပ်ကွက်ထဲကတစ်ယောက်ဆိုရင် သူက မဖြစ်ခင် ၃ သိန်းလောက်ထည့်လိုက်တယ်။ ဖြစ်ချင်တော့ စက်ကို မြန်မြန်သွားအပ်လိုက်တော့ သူကကံကောင်းသွားတယ်။ သူ ပိုက်ဆံ ၃ သိန်းက ပြန်ရလိုက်တယ်။ သူကို ပြန်ရတော့ ကျမတို့က သွားအပ်တော့ ဒီလို ပြဿနာ ဖြစ်လာတာ။ အဓိကကတော့ သူတို့ဘက်က မှန်ကန်တယ်ဆိုရင် တိတိကျကျ နဲ့ ဒီပိုက်ဆံတွေကို သိမ်းထားတဲ့အတိုင်း ပြန်ပေးမယ်ဆိုရင် တရားဝင်လုပ်လိုက်ပေါ့။ အဲ့ဒါဆိုရင် အားလုံးက စိတ်သက်သာရသွားမှာပေါ့။ မဟုတ်ဘူးဆိုရင် လူတိုင်းက သံသယ ဖြစ်လာကြမှာပဲ။ ကြာလာတော့ နည်းနည်းပိုက်ဆံတော့ မဟုတ်ဘူးလေ။ ပိုက်ဆံတွေလည်း မြုပ်နေကြပြီဆိုတော့ တစ်ဆိုင် ဆိုရင် နည်းနည်းနဲ့ ရန်ကုန်တစ်ခုတည်းတင် သူတို့လုပ်ထားတာ နည်းတာမဟုတ်ဘူး။ နယ်ဆိုရင် ပိုဆိုး ၊ နယ်ကလူတွေက ဒီထက်တောင် ငွေများသေး။ ဒီဘက်ကို မလာနိုင်တော့ ပိုက်ဆံအများကြီး ဖြည့်ထည့်ထားသေး။ နယ်မှာဆိုရင် Facebook တောင် မသုံးတက်တဲ့သူတွေတောင်ပါသေး။ တချို့က အခုချိန်အထိတောင် မရသေးလို့ Red dot ဘဏ်ထဲကို သွားပြီး ပိုက်ဆံသွင်းတဲ့သူတောင် ရှိသေး။ အဲ့လိုတွေ တွေ့လိုက်ရသေး။ တော်တော်ကို အံ့သြရပါတယ်။ အရမ်းကို မသိတော့ တချို့အသက်ကြီးတဲ့ အဒေါ်ကြီးတွေက Facebook လည်း မသုံး ၊ သူတို့ စိတ်ထဲမှာ သူတို့ပိုက်ဆံ မရောက်သေးဘူး ထင်လို့ မထည့်ပေးဘူး ရောင်းလို့ မရသေးဘူးထင်ပြီး ဘဏ်ကို ပိုက်ဆံထပ်သွင်းနေတဲ့သူတောင် ရှိနေသေးတယ်။ စလုပ်တာက အဆင်ပြေတယ်။ ဖုန်းကတ်နဲ့ စာရင်နည်းနည်းတော့ အမြက်ကနည်းပေမယ့် အဆင်ပြေတယ်။ ကိုယ်ကြိုက်တဲ့ဟာကို ရွေးထုတ်လို့ ရတယ်ဆိုပြီး အဲ့လို့မျိုး လုပ်လိုက်တာပါ။ တစ်ခါတစ်လေကျတော့ လိုင်းနည်းနည်းကြောင်တာတော့ ရှိပေမယ် ဒီလိုပဲ သည်းခံရတာပေါ့။ အခုဟာက ရုတ်တရက် ဖြစ်သွားတာပါ။ ဘယ်သူမှ မထင်ထားတာပါ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com