All News Local News

“သွေးနှောစကားလုံးနှင့် လူမျိုမယ်” ဝံသာနုစိတ်ဓာတ်ကဗျာ မူလတန်း သင်ရိုး ညွှန်းတမ်းမှ ဖြုတ်ပေးမည်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

မူလတန်းသင်ရိုးညွှန်းတမ်းပါ လူမှုရေးဘာသာရပ် ၊ စာရိတ္တ နှင့် ပြည်သူ့နိတိ သင်ခန်းစာတွင် အငြင်းပွား နေသော ဝံသာနုစိတ်ဓာတ် ကဗျာကို ပယ်ဖျက် ပေးရန် သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန ကတာဝန်ရှိသူ များနှင့် ဖေဖော်ဝါရီ ၂၀ ရက်နေ့က တွေ့ဆုံညှိနှိုင်းခဲ့ ကဗျာ ဖြုတ်ပေးမည့် အလား အလာရှိကြောင်း သိရှိရသည်။

“အဲ့ဒီစာပိုဒ်လေးတစ်ပုဒ်ကပဲ Old Deta ။ တခြားစာပိုဒ်တွေ အဲဒီလောက်မရှိဘူး။ ကဗျာလေးတစ်ပုဒ် ထဲမှာ သွေးနှောစကားလုံးတို့ ၊ လူမျိုမယ်၊ အဲဒီတစ်ပုဒ်ပေါ့။ ဝံသာနု စိတ်ဓါတ် အဲဒီခေါင်းစဉ်လေးနဲ့ အဲဒီတစ်ပုဒ်ပဲ ဖြုတ်ခိုင်းတာ။ ကျန်တာ တွေက ဘာမှ သိပ်ပြဿနာမရှိဘူးလေ။ ပြည်သူ့နိတိဆိုတာ နိုင်ငံသား တိုင်း အတွက် လိုအပ်တဲ့ဟာတွေကို သင်ပေးတာလေ။ အဲဒီတစ်ပုဒ်ထဲ ဖြုတ်ပေးဖို့ သွားရောက်ညှိနှိုင်းခဲ့တာပါ ” ဟု အင်ကြားမေဟိန္ဒူအမျိုးသမီး ကွန်ယက် ၊ ဒေါ်ကက်သလင်းသိန်း က ပြောသည်။

အရပ်ဖက်အဖွဲ့အစည်းပေါင်း ( ၁၂၀) နှင့် တသီးပုဂ္ဂလ ပုဂ္ဂိုလ် ၁၂ ဦးတို့က စုပေါင်း လက်မှတ်ရေးထိုးကာ မူလတန်းသင်ရိုး ညွန့်တမ်း ပါ ဝံသာနု စိတ်ဓာတ် ကဗျာ ဖြုတ်ပေးရန် သမ္မတ ထံ အိတ်ဖွင့်စာ တစ်စောင်ကို ၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာ ၂၆ ရက်နေ့ ပေးပို့ခဲ့သေးသည်။

ယင်းအိတ်ဖွင့်ပေးစာတွင် ပညာရေးဝန်ကြီးဌာန ၊ အခြေခံပညာဦးစီးဋ္ဌာနက သတ်မှတ်ပြဋ္ဌာန်းထားသည့် မူလတန်းသင်ရိုး ၊ စတုတ္တတန်း ၊ လူမှုရေး ဘာသာ ရပ် ၊ စာရိတ္တ နှင့် ပြည်သူ့နိတိ သင်ခန်းစာတွင် သင်ကြားပေးနေသည့် ဝံသာနု စိတ်ဓာတ် ကဗျာသည် မျိုးချစ်စိတ်ဓာတ်ကို မြှင့်တင့်ပေးသည့် ဟု မည်မျှပင် ရည်ရွယ်ချက်ကောင်းစေကာမူ နုနယ်သည့် ကလေးငယ်များကို ခွဲခြားဆက်ဆံ တတ်သည့် ၊ မတူကွဲပြားမှုကို မုန်း တီးစရာအဖြစ် ရှုမြင်တတ်သည့် အမုန်း စိတ်ဓာတ်ကို သွတ်သွင်းပေးနေသကဲ့သို့ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြ ထားသည်။

အင်ကြားမေ ဟိန္ဒူအမျိုးသမီး ကွန်ရက်မှ ဒေါ်ကက်သလင်းသိန်း က “အခြေအနေကတော့အလားအလာတော်တော်လေးကောင်းပါတယ်။ သူတို့ဘက်က လိုက်လိုက် လျောလျောရှိတယ်။ ကိုယ်တွေဘက်က သွားပြောခဲ့တာကိုး ထပ်ပြီးတရားဝင်စာတင် ပြီး အဲဒီတစ်ပုဒ်ကို ဖြုတ်ပေးဖို့ အဖွဲ့အစည်း အားလုံး ကိုယ်စား စာတင်ရမှာ။ ပညာရေးဝန်ကြီးဌာနကို စာတင်ပေးလိုက်တာနဲ့ သူတို့ကချက်ချင်းပဲ စီစဉ်ဆောင်ရွက်မှာပါ။ သမ္မတ ကြီးဆီကို တိုက်ရိုက်စာ တင်ထားတာ။ သမ္မတကနေ ပညာရေးဝန်ကြီးဌာနဆီ ရောက်မှာ။ ပညာရေး ဝန်ကြီးဌာနက ဒီနေ့ ခေါ်တာ။ ဒီနေ့ သွားဆွေးနွေးဖြစ်တာက တခြားအရာ တွေအကုန်လုံးက ရတယ်လေ။ ပြည်သူ့နိတိ ဆိုတာ သင်ရမှာပဲ။ ကောင်းတဲ့ အရာလေး တွေကို ။အဲ့တော့ ဒီဝံသာနုစိတ်ဓါတ် ကဗျာတစ်ပုဒ်သာ ကလေး သူငယ် တွေရဲ့ စိတ်ထဲမှာ ထင်ယောင်ထင်မှားတွေ ဖြစ်မှာဆိုးလို အဲဒါတွေ ပြောခဲ့တယ်။ သူတို့က စာရေးတင်ခိုင်းတယ်။ အဲဒီအတွက် အခုပြင်ဆင်နေပြီ ” ဟု ပြောသည်။

ပညာရေးဝန်ကြီးဌာနနှင့် တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးကို အားပေးသည့် သင်ခန်းစာ များ ၊မတူကွဲပြားမှုနှင့် အတူတကွ သဟဇာတဖြစ်စွာ ယဉ်တွဲ နေထိုင်သည့် သင်ခန်းစာများ ထည့်သွင်းပေးနိုင်ပါက မြန်မာနိုင်ငံ ၏ တိုင်းရင်းသား လူမျိုးပေါင်းစုံအကြား ၊ ကိုးကွယ်ရာ ဘာသာပေါင်းစုံအကြား ချစ်ခင် ရင်းနှီးမှုများကို ကလေးငယ်အရွယ်ကစပြီး သင်ကြားပေးရင် အနာဂတ် ဒီမိုကရေစီတည်ဆောက်ရေးအတွက် များစွာ အထောက် အကူ ပြုနိုင် ကြောင်း အကြုံပြုတိုက်တွန်းထားကြောင်း သိရသည်။

“ဘာသာက တစ်ဘာသာပဲ ရှိတာမဟုတ်ဘူးလေ။ ဝံသာနုစိတ်ဓာတ် ဆိုတာ ဘာသာအားလုံးအသီးသီးမှာ အားလုံးမှာ ရှိရမယ်လေ။ လူမျိုးတစ်မျိုးထဲမှာ ရှိရမှာ မဟုတ်ဘူး။ ဝံသာနု စိတ်ဓါတ်ဆိုတာ လူမျိုးတိုင်း ၊တိုင်းရင်းသားတိုင်းမှာ ရှိရမှာလေ ။ အထွေအထူးကြီး ဝံသာနုစိတ်ဓါတ် ခေါင်းစဉ်ကြီးနဲ့ တစ်ဘာသာ အတွက် ကွက်ပြီး သင်ရတဲ့ ပုံစံတော့ မဖြစ်စေချင်တစ်ခုထဲပါပဲ “ဟု ဒေါ်ကက်သ လင်းသိန်း ကပြောသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts