All News Local News

ရန်ကုန်-စစ်တွေကားလမ်းတွင် ရဲကား ၁ စီးအပါအဝင် ကားနှစ်စီး တိုက်ခိုက်ခံရ ၊ ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန်- စစ်တွေကားလမ်းပေါ်တွင် ရဲကား ၁ စီး အပါအဝင် ကား ၂ စီး တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကြောင်း ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

“ရဲကားတစ်စီးရယ်၊ နောက်ကားတစ်စီးရယ် တိုက်ခိုက်ခံရတယ်ပေါ့။ မိုင်းခွဲသလား၊ ဘာလားလည်း သေချာမသိရသေးဘူး။ အဲဒါ ၂ ဦးထိ (သေ) တယ်။ ဖြစ်စဉ်အသေးစိတ်ကတော့ အခုထက်ထိ မသိရသေးဘူး။ ပြောနိုင်တာက ကား ၂ စီး တိုက်ခိုက်ခံရတယ်။ ဖြစ်တဲ့အချိန်က ဘယ်အချိန်က ဖြစ်တာလည်း ကျနော်တို့လည်း မသိသေးဘူး” ဟု အဆိုပါအရာရှိက ဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ရခိုင်ပြည်နယ် ရဲမှူးကြီးကြည်လင်းနှင့် တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းမကိုင်ကြပေ။

ရဲကား တစ်စီးအပါအဝင် ကား ၂ စီး တိုက်ခိုက်ခံရသော ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာ များတွင် ပျံ့နှံ့လျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com