All News Local News

ရခိုင်ပြည်နယ်တွင် အေအေ အခြေစိုက်ဌာနချုပ် ဖွင့်နိုင်ရေး ကြိုးပမ်းနေဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ရခိုင်ပြည်နယ်တွင် ရခိုင်တပ်မတော် အေအေအနေဖြင့် အခြေစိုက်ဌာနချုပ် ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း အေအေတပ်ဖွဲ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောသည်။

ရခိုင်တပ်မတော်သည် ရခိုင်ပြည်သူလူထုထံမှ ပေါက်ဖွားခြင်းဖြစ်သည့်အတွက် ဌာနချုပ်ကိုလည်း ရခိုင်ပြည်နယ်တွင်ပင် အခြေစိုက်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ၎င်း က ဆိုသည်။

“ဒီဟာကတော့ ကျနော်တို့ရဲ့ အဓိက တာဝန်ပဲ ။ ရခိုင်တပ်မတော်က ရခိုင်ပြည်မှာ ရှိရမှာ။ အဲဒါကတော့ ကျနော်တို့ရဲ့ အဓိက တာဝန်ပဲ။ ဘယ်အခြေအနေပဲ ရောက်ရောက် ရခိုင်တပ်မတော် ကတော့ ရခိုင် ပြည် မှာ အခြေစိုက်မယ်။ ကျနော်တို့ရဲ့ ဌာနချုပ်လည်း ရခိုင်ပြည်မှ ရှိကိုရှိရမယ်။ ဒါကတော့ ကျနော်တို့ရဲ့ ပုံမှန်အလုပ်ပဲ။ ဌာနချုပ်ကို အခြေစိုက်ဖို့ စိန်ခေါ်မှုကတော့ ကျနော်တို့က ရခိုင်ပြည်သူ လူထု နဲ့ ဖြတ်ကျော်သွားဖို့ အဆင့်သင့်ရှိတယ်” ဟု ခိုင်သုခက ဆိုသည်။

ရခိုင်တပ်မတော်၏ အခြေစိုက်ဌာနချုပ်သည် ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာတွင်တည်ရှိပြီး ရခိုင်တပ်မတော်သည် ၂၀၀၉ ခုနှစ်တွင်မှ ပေါ်ပေါက်လာခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts