All News China Watch Local News

မြစ်ဆုံစီမံကိန်း ရာသက်ပန်ရပ်ဆိုင်းရေး ကချင်ပြည်သူအင်အား သောင်းချီ လမ်းပေါ်ထွက် ချီတက်ဆန္ဒပြမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မြစ်ဆုံရေကာတာ စီမံကိန်းအား ရာသက်ပန် ရပ်ဆိုင်းရေးအတွက် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ကချင်ပြည်သူအင်အား သောင်းချီ လမ်းပေါ်ထွက်၍ ဆန္ဒပြမည်ဖြစ်ကြောင်း မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး ကော်မတီမှ ဦးနော်အောင်က ပြောသည်။

ကချင်ပြည်နယ် ၊ မြစ်ကြီးနား မြို့တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ ဘာသာပေါင်းစုံအဖွဲ့အစည်း ၊ ကချင်အရပ်ဖက်အဖွဲ့အစည်းနှင့် ပြည်သူတွေ ပူးပေါင်းပါဝင်သည့် အင်အား သောင်းချီခန့် ကာ လမ်းလျှောက်ချီတက်ကာ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

“ အဓိကတော့ မြစ်ဆုံရေကာတာ စီမံကိန်းအား ရပ်သက်ပန် ရပ်ဆိုင်းရေးအတွက် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်မယ်။ ကချင်ရိုးရာ မနောကွင်း မှ စုရပ်လုပ်မှာ။ မြစ်ကြီးနားမြို့ တစ်မြို့လုံး ကို လမ်းလျှောက်ချီတက်ဖို့အတွက် လုပ်ဆောင်သွားမှာ။ လမ်းလျှောက်ချီတက်မယ်။ ဒီမြစ်ဆုံက ကချင်ပြည်နယ်မှ မဟုတ်ဘဲ ကချင်ပြည်နယ်မှ ရှိတဲ့ လူမျိုးမရွေး ၊ ဘာသာမရွေး ၊ ဂိုဏ်းဂဏ ပေါင်းစုံ ပါဝင်ပြီး လုပ်ဆောင် သွားမှာ ဖြစ်တယ်” ဟု ဦးနော်အောင်က ပြောသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲအတွက် ခွင့်ပြုမိန့် ရရှိထားပြီးပြီ ဖြစ်ကြောင်း ၊ မြစ်ဆုံရေကာတာ စီမံကိန်း နှင့် ပတ်သက်ပြီး ပြည်သူတို့၏ သဘောထား ဆုံးဖြတ်ချက် မပါဝင်ဘဲ မလုပ်ဆောင်သင့်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“တရုတ် လုပ်လို့ ကန့်ကွက်တာ မဟုတ်ဘဲ ဘယ်နိုင်ငံက လာလုပ်လုပ် အစိုးရဘဲ လုပ်လုပ် ၊ ဒီမြစ်ဆုံက ပြည်သူ့လူထုရဲ့ အသက်စတေးခံရမယ့် အလုပ်တော့ မလုပ် သင့်ဘူးဆိုတာ အားလုံးရဲ့ ကိုယ်စား ကျနော်တို့က လှုပ်ရှားမှု ဖော်ထုတ်ပြသချင်တာပါ” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိအချိန်တွင် မြစ်ဆုံ စီမံကိန်း ပြန်လည် လုပ်ကိုင်စေရန် တရုတ်အစိုးရက ဖိအား ပေးနေသော်လည်း NLDအစိုးရကလည်း အဆိုပါစီမံကိန်းနှင့် ပတ်သက်ပြီး တိကျသော ဆုံးဖြတ်ချက် ချမှတ်ထားခြင်းမရှိသေးပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts