All News Local News

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ပခုက္ကူတွင် ကျောင်းသားနှင့်နိုင်ငံရေးအင်အားစုများ စုပေါင်းချီတက်ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ပခုက္ကူ တက္ကသိုလ်ကျောင်းသားသမဂ္ဂ ၊ ပခုက္ကူ နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ၊ ကျောင်းသားများ သမဂ္ဂ နှင့် ပခုက္ကူ မြို့ရှိ နိုင်ငံရေး အင်အားစု အင်အား ၃၀၀ ခန့် စုပေါင်းပြီး မြစ်ဆုံဆည် စီမံကိန်း နှင့် ၂၀၀၈ ဖွဲ့စည်းပုံကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ပခုက္ကူ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကိုသက်မောင်မောင်က ပြောသည်။

လက်ရှိအချိန်တွင် မြစ်ဆုံစီမံကိန်း နှင့် ၂၀၀၈ ဖွဲစည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းသည် နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားတစ်ခုဖြစ်တာကြောင့် ယခုကဲ့သို့ န္ဒထုတ်ဖော်ပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပထမဦးဆုံး မြစ်ဆုံကိစ္စ ဒါက ကျနော်တို့ နိုင်ငံအမျိုးသား အကျိုးစီးပွားတစ်ရပ်အနေနဲ့ ရှုမြင်ပြီး ဒီကိစ္စကို လုပ်ရတာ ။ ကျနော်တို့ အမျိုးသားစီးပွားကိစ္စကို ထိခိုက်လာနိုင်တယ်။ နောက်ပြီးတော့ နိုင်ငံအတွက် အန္တရာယ်လည်း ဖြစ်လာနိုင်တဲ့အတွက် လုပ်ရခြင်းဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်ထဲမှာ ပြင်ဆင်ဖို့ ဆွေးနွေးနေကြတယ်။ ကျနော်တို့က ဒီ၂၀၀၈ ဖွဲစည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်စေချင်တယ်။ ဘာကြောင့် ပြင်ဆင်ချင်တာလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပင်လုံကတိကဝတ် တစ်ခုမှာ မရှိဘူး။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပါဝင်ခြင်းမရှိတဲ့အတွက် ဒီအချက်တွေ ပြင်ဆင်စေချင်တယ် “ ဟု ပခုက္ကူ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကိုသက်မောင်မောင်က ပြောသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲကို သက်ဆိုင်ရာကို ခွင့်ပြုမိန့် မတင်ထားဘဲ ပခုက္ကူ မြို့မဈေး နှင့် ပခုက္ကူ ကားကြီးကွင်းတို့တွင် ပြုလုပ်ခဲ့တာဖြစ်ပြီး မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး စတစ်ကာကမ်ပိန်း နှင့် လက်ကမ်းစာစောင်ကမ်ပိန်းများ ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

“၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ဒါမဟုတ် အသစ်ပြန်လည်ရေးဆွဲရေးအခန်းကဏ္ဍမှ တပ်မတော်အနေနဲ့ ပြည်သူရဲ့ အကျိုးစီးပွားကို ဘယ်လောက်အထိ ကြည့်မလဲ ။ တိုင်းရင်းသားတွေအပေါ်မှာ ဘယ်လောက်အထိ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဆိုတာကို ကြည့်ပြီးမှ ကျနော်တို့က ဆုံးဖြတ်ရမှာ။ နောက်တစ်ချက် မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ပြည်သူအစိုးရအနေနဲ့ အမျိုးသားအကျိုးစီးပွားကို ဘယ်လောက် အထိ ကာကွယ်ပေးနိုင်မလဲ ၊ ပြည်သူ့လူထုရဲ့ တောင်းဆိုချက်ကို ကြည့်ပြီး ကျနော်တို့ ဆက်လက်လုပ်ဆောင်သွားမှာ” ဟု ကိုသက်မောင်မောင်က ပြောသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com