All News China Watch Local News

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရန် ကချင်ရိုမန်ကက်သလစ်အသင်းတော် တောင်းဆို၊ မြစ်ဆုံစီမံကိန်းတွင် ပြည်သူ့ဆန္ဒကျော်လွန်လုပ်ဆောင်ရန် ခက်ခဲမည်ဟု တပ်ချုပ်မင်းအောင်လှိုင်ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မြစ်ဆုံစီမံကိန်းကို ကန့်ကွန်ပြီး လက်မခံသဖြင့် လုံးဝရပ်ဆိုင်းပေးရန် ကချင်ပြည်နယ် ရိုမန်ကက်သလစ်အသင်းတော်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဖေဖော်ဝါရီ ၅ ရက်နေ့ မြစ်ကြီးနားတွင် တွေ့ဆုံစဉ် ပြောဆိုလိုက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း မြစ်ဆုံစီမံကိန်းကိစ္စတွင် ပြည်သူ့ဆန္ဒကိုကျော်လွန်၍ လုပ်ဆောင်ရန် ခက်ခဲမည်ဟု ပြောဆိုကြောင်း သိရှိရသည်။

ကချင်ပြည်နယ် ရိုမန်ကက်သလစ်အသင်းတော်က ၎င်းတို့အနေဖြင့် မြစ်ဆုံစီမံကိန်းအား လက်မခံကြောင်း၊ ကန့်ကွက်ပါကြောင်းနှင့် လုံးဝရပ်ဆိုင်းပေးရန်တောင်းဆိုပါကြောင်း ပြောကြားရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒကိုကျော်လွန်လုပ်ဆောင်ရန် ခက်ခဲမည်ဖြစ်ကြောင်း၊ အကောင်းဆုံးအဖြေရရှိရန် ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုကြောင်းသိရှိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြစ်ကြီးနားမြို့၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် တူးမိုင်နှင့် အဖွဲ့ဝင်များ၊ ရိုမန်ကက်သလစ်အသင်းမှ ဘုန်းတော်ကြီး ဖရန့်စစ်ဒေါ့တန်၊ ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တွေ့ဆုံခဲ့စဉ် မြစ်ဆုံအရေးကိစ္စနှင့်ပတ်သက်၍ နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှုများရှိလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကချင်ပြည်နယ်ရှိ မြစ်ဆုံစီမံကိန်းကို ကချင်ပြည်သူလူထုက ဆန့်ကျင်ကန့်ကွက်ခြင်းမရှိဘဲ ပြင်ပအဖွဲ့အစည်းများက ကန့်ကွက်နေခြင်းဖြစ်ကြောင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကန့်ကွက်မှုများ ဆူညံလာခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts