All News Local News

မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက် ၂ ဦးကို ဖမ်းဆီးရိုက်နှက်မှု အမှုဖွင့်တရားစွဲမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေစိုက် မြစ်ကြီးနား သတင်းဂျာနယ် မှ သတင်းထောက် ၂ ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့သည့် သခင်စစ် သတ္တူတူူးဖော်ရေး ကုမ္ပဏီလိမိတက်၏ ဝန်ထမ်း တချို့ကို နာကျင်စေမှု အပါအဝင် ပုဒ်မများဖြင့် အမှုဖွင့် တရားစွဲသွားမည်ဖြစ်ကြောင်း မြစ်ကြီးနားသတင်းဂျာနယ် ၊ အမှုဆောင်အရာရှိချုပ် ဦးဘရန်မိုင်က ပြောသည်။

“ ဥပဒေကြောင်းအရ တရားစွဲဆိုသွားမယ်။ ခြိမ်းခြောက်မှု ၊ နာကျင်စေမှု နောက်တစ်ခု က
ဒါက ရဲမဟုတ် ၊ စစ်မဟုတ်ဘဲ ဖမ်းဆီးချုပ်နှောင်မှုကို ကုမ္ပဏီက လုပ်ပိုင်ခွင့်မရှိတာ လူတစ် ယောက် ကို ဖမ်းဆီးချုပ်နှောင်တာဆိုတာက တော်တော်ကြီး ကို ကြီးမားတယ်။ ဖြစ်နိုင်တဲ့ ဟာတွေနဲ့ အမှုဖွင့်သွားမယ် “ ဟု မြစ်ကြီးနားသတင်းဂျာနယ် ၊ အမှုဆောင် အရာရှိချုပ် ဦးဘရန်မိုင်က ပြောသည်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ထုတ် မြစ်ကြီးနားသတင်းဂျာနယ်တွင် မွန်းမွန်းပန် ရေးသားသည့်
“ မန်ဒေါင်ကျေးရွာအုပ်စုတွင် တရုတ် တစ်သျူးဌက်ပျောစိုက်ပျိုးသည့် ကုမ္ပဏီ နှစ်ခု ဝင်ရောက် လုပ်ကိုင်နေ “ ဟု သတင်းနှင့် ဆက်စပ်ပြီး ယခုကဲ့သို့ ဖမ်းဆီး ရိုက်နှက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

“ သူတို့က ကျနော်တို့ သတင်းအပေါ် မကျေနပ်လို အဲဒီလို လုပ်တာပေါ့။ အခုထိ အတိအကျ မပြောနိုင်သေးဘူး။ ဒီကုမ္ပဏီက ဘယ်သူပိုင်လဲ မသိနိုင်သေးဘူး။ အဲ့တာကလည်း စုံစမ်း နေဆဲပဲ ။ ဒီတစ်သျူးဌက်ပျော်တွေအားလုံးက ဒီတရုတ်တွေလုပ်တာဟာတွေကြီးပဲ။ တရုတ်တွေက ဒီကချင်မြေမှာ ခြံ တွေဌားတယ်။ မြေကွက်တွေ ဌားပြီးမှာ တရုတ်ကုမ္ပဏီ ကနေ လာပြီးမှာ လုပ်တာ။ တော်တော်များများ ဒီဘက်ကတချို့ ကုမ္ပဏီတွေနဲ့လည်း ပူးပေါင်းပြီးတော့ လုပ်ကြတာရှိတယ်။ တချို့ကလည်း ဒီကချင်တွေရဲ့ နာမည်ခံ လုပ်ပြီးမှာ သူတို့က တကယ်တရုတ်တွေ လုပ်တာပေါ့။ တစ်သျူး ဌက်ပျော်တွေလုပ်တာက တရုတ်တွေ ၊ ဒေသခံတွေ လုပ်တာ မဟုတ်ဘူးလေ “ ဟု ဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးဘရန်မိုင်က ပြောသည်။

ဓာတ်ပုံ- မြစ်ကြီးနား ဂျာနယ် သတင်းထောက် အမျိုးသမီးကို ဖမ်းဆီး၍ ရုံးခန်းအတွင်းသို့ ခေါ်ဆောင်သွားပုံနှင့် သခင်စစ်ကုမ္ဗဏီ ရုံးခန်းဆိုင်းဘုတ်။ Photo Credit- မြစ်ကြီးနားဂျာနယ်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts