Local News political news

ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားရေး သပိတ်စခန်းကို ကယားပြည်နယ်အစိုးရက ဖြိုခွင်းခဲ့သော်လည်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ဝင်းဟစ်တိုင်တွင် သပိတ်စခန်းဖွင့်ခွင့်ပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကန္တာဟေဝန် ပန်းခြံအတွင်းတွင် ထားရှိထားသည့် ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားရေး သပိတ်စခန်းကို ကယားပြည်နယ်၊ လွှတ်တော်ဝင်းအတွင်းရှိ ပြည်သူ့ဟစ်တိုင်နေရာတွင် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တရားဝင်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားရေးကို ကန့်ကွက်နေသော ကရင်နီလူငယ် အင်အားစုများနှင့် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးလှထွေးတို့ ယနေ့ တွေ့ဆုံခဲ့ကြပြီးနောက် ယင်းသို့ ကယားပြည်နယ်လွှတ်တော် ဝင်းအတွင်းတွင် သပိတ်စခန်း ဖွင့်လှစ်ခွင့်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

“လွှတ်တော်ဝင်းအတွင်းမှာ ပြည်သူ့ဟစ်တိုင်နေရာရှိတယ်။ အဲဒါမှာ ကျနော်တို့ သပိတ်စခန်းဖွင့်ခွင့်ရမယ်။ အသေးစိတ်တွေကတော့ လွှတ်တော်က ချမှတ်ထားတဲ့ စည်းကမ်း၊ နည်းဥပဒေ၊ ဥပဒေတွေနဲ့အညီ ဖွင့်မှာပါ။ လွှတ်တော်ဥက္ကဋ္ဌနဲ့လည်း ပြန်ညှိနှိုင်းရမယ်။ လောလောဆယ် ငြိမ်းစုစီအရ ရဲစခန်းမှာ ဒီနေ့ ၃ နာရီ အကြောင်းကြားစာ တင်ထားတယ်။ ၄၈ နာရီ ပြည့်ရင် လုပ်လို့ရပြီဆိုတော့ ဖေဖော်ဝါရီ ၁၁ မှာ သပိတ်စခန်းစမယ်။ ကျနော်တို့ ချမှတ်ထားတဲ့ ဥပဒေ၊ စည်းကမ်းစည်းမျဉ်းတွေနဲ့အညီ လုပ်မှာပါ” ဟု ကရင်နီလူငယ်ခေါင်းဆောင် ကိုဒီးဒီက ဆိုသည်။

ကယားပြည်နယ်အစိုးရဝန်ကြီးချုပ် ဦးအယ်ဖောင်ရှိုးနှင့် ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးတို့သည် NLD ပါတီမှ ရွေးကောက်ခံ ထားရသော လွှတ်တော်အမတ်များဖြစ်ကြသည်။

ကယားပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားရေး အတွက် ဆန္ဒပြမှုများကို အာဏာပိုင်များ အရေးယူ ဖြိုခွင်းမှု များလုပ်ဆောင်နေပြီး ယမန်နှစ်မှစ၍ ယခုအချိန်အထိ အရေးယူခံထားရသူ ၅၅ ဦးရှိကာ ပုဒ်မ ၅၀၅ (ခ)၊ (ဂ) ၊ ငြိမ်းစုစီ ပုဒ်မ ၁၉ ၊ ၂၀ တို့ဖြင့် အရေးယူခံထားရခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com