Local News political news

ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားရေး ဆွေးနွေးပွဲမှ ကြေးရုပ်ဖြစ်မြောက်ရေး အဖွဲ့က ရုတ်တရက် ထွက်ခွာသဖြင့် အစည်းအဝေး ပျက်ပြယ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကန္တာဟေဝန်ပန်းခြံတွင် ထားရှိထားသည့် ဗိုလ်ချုပ် ကြေးရုပ်ဖယ်ရှားရေးအတွက် ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီနှင့် ကန့်ကွက် နေသည့် ကရင်နီပြည်သူကိုယ်စားပြု ကော်မတီတို့ ညှိနှိုင်းဆွေးနွေးကြစဉ် ဖြစ်ေြာကမ်ရေးကော်မတီက ရုတ်တရက် အစည်းအဝေးမှ ထွက်ခွာသွား၍ ညှိနှိုင်းမှု ပျက်ပြယ်သွားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီနှင့် ကရင်နီပြည်သူ ကိုယ်စားပြု ကော်မတီတို့ ဆွေးနွေးကြစဉ် ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်ရေးကို ကယားပြည်နယ် အစိုးရ အဖွဲ့က တည်ဆောက်လာခြင်းဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြေးရုပ်ကို အုတ်ခုံပေါ်တင်ရန်နှင့် ဖွင့်ပွဲ ကို သာ ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်း၍ ကျင်းပခြင်းဖြစ်ကြောင်း၊ ပံ့ပိုးငွေများမှာလည်း ကယားပြည်နယ်အစိုးရက ပေးအပ်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကြေးရုပ် ဖယ်ရှားရေး (သို့မဟုတ်) ရှေ့ဆက်စီမံဆောင်ရွက်ရေးကို ဖြစ်မြောက်ရေးကော်မတီ အနေဖြင့် တာဝန် မခံနိုင်ဘဲ ကယားပြည်နယ်အစိုးရနှင့်သာ ဆွေးနွေးရန် ကော်မတီဘက်က ပြောဆိုကြောင်း သိရှိရသည်။

ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီသည် နှစ်ဖက်ဆွေးနွေးချက်များကို မှတ်တမ်းတင်ရန် လက် မခံ ဘဲ မွန်းတည့် ၁၂ နာရီတွင် အစည်းအဝေးခန်းထဲမှ ရုတ်တရက် ထွက်ခွာသွားသဖြင့် အစည်း အဝေး ပျက်ပြယ်သွားကြောင်း သိရှိရသည်။

“ဖြစ်မြောက်ရေးကော်မတီဘက်ကတော့ သူတို့ မဆိုင်ဘူးဆိုတာကို ခေါင်းရှောင်သွားတာပေါ့။ အဲဒီတော့ တာဝန်ရှိတဲ့ ကယားပြည်နယ်အစိုးရက ဘာလုပ်မလဲ ကျနော်တို့ စောင့်ကြည့်မယ်။ ဆွေးနွေးပွဲကတော့ ပျက်သွားတဲ့သဘောပဲ။ ညှိနှိုင်းသဘောတူညီချက်မှာ ၁ လတိတိ လှုပ်ရှား မှုတွေရပ်ထားဖို့ ပါပေမယ့် အခုအခြေအနေကတော့၁ ရက် ၂ ရက် စောင့်ကြည့်ပြီးမှပဲ ဖိအားပေးမယ်” ဟု ကရင်နီပြည် ပြည်သူများကိုယ်စားပြု ညှိနှိုင်းရေးကော်မတီမှ ကိုဒီးဒီက ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီမှ ဦးဝင်းအောင်ကို ရန်ကုန်ခေတ်သစ် သတင်းဌာန က ဆက်သွယ်မေးမြန်းသော်လည်း အစည်းအဝေး လုပ်နေသဖြင့် မအားကြောင်း၊ နောက်မှ ပြန်ဆက်ရန် ပြောဆိုသည်။

ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားရေးအတွက် ကရင်နီလူငယ်အင်အားစုက ဦးဆောင် ဆန္ဒပြ လျက် ရှိရာ လူငယ် ၅၅ ဦးကို အစိုးရက ပုဒ်မမျိုးစုံဖြင့် အာဏာပိုင်များက အရေးယူထားပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲဆိုထားသော လူငယ် ၇ ဦး အမှုကိုမူ ရုပ်သိမ်းပေးခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts