All News Local News

ဗိုလ်ချုပ်ကြေးရုပ်တု ဖယ်ရှားရေး သပိတ်စခန်းကို အင်အားသုံး ဖြိုခွင်း၊ သပိတ်မှောက်သူ ၁၄ ဦးကို ဖမ်းဆီးထိန်းသိမ်းထား

Breaking News

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူထားမှုကို ဖယ်ရှားရန် သပိတ်စခန်းဖွင့်လှစ်ထားမှုကို ကယားပြည်နယ်ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းလိုက်ပြီး ၁၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။

“၁၀ နာရီခွဲလောက်မှာ အင်အားသုံး ဖယ်ရှားပါတယ်။ အခု ရဲစခန်းထဲမှာ ၁၄ ဦးလောက် ဖမ်းဆီးထိန်းသိမ်းထားတယ်။ အခု သူတို့ကို ရဲတွေက စစ်မေးနေတယ်။ ဘာပုဒ်မနဲ့ ဖမ်းတာလဲတော့မသိသေးဘူး” ဟု ဆန္ဒပြခေါင်းဆောင် ကိုဒီးဒီက ပြောသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com