All News Local News

ဖွဲ့စည်းပုံပြင်ရေး၊ နိုင်ငံရေးမှ တပ်ဆုတ်ခွာရေး၊ ငြိမ်းချမ်းရေးနှင့် ICC အရေးအတွက် ထုတ်ပြောလာတဲ့ တပ်ချုပ် မင်းအောင်လှိုင်ရဲ့ သဘောထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ဂျပန် The Asahi Shimbun သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာ့နိုင်ငံရေး တွင် တစ်ဆို့နေသည့် ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ရေး ကိစ္စရပ်များအပါအဝင် နိုင်ငံရေး ကိစ္စရပ်များအပေါ် သဘောထား အမြင်များ ထည့်သွင်းပြောဆိုသွားရာ ယင်းပြောဆိုချက်များသည် မြန်မာ့နိုင်ငံရေးအနာဂတ်အလားအလာအပေါ် များစွာ ရိုက်ခတ်နိုင်၍ ရန်ကုန်ခေတ်သစ်က တပ်ချုပ်မင်းအောင်လှိုင်၏ ထင်သာမြင်သာရှိသည့် ရပ်တည်ချက်စကားများကို ကောက်နုတ်တင်ပြလိုက်ပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍

“ဒါကျနော်တို့ တိုင်းပြည်အတွက် ဖြစ်စေချင်တယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ပြင်ပေး ရမှာဖြစ် ပါတယ်။ ဒီနေရာမှာသတိထားရမှာတော့ ကျနော် တို့ဖွဲ့စည်းပုံ အခြေခံဥပဒေ အနှစ်သာရကို မထိခိုက် ဖို့တော့ လိုပါတယ်”

တပ်မတော် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းပါဝင်နေခြင်း ပတ်သက်၍

“၂၅ ရာခိုင်နှုန်းနဲ့ ပတ်သက်လို့ပြောရရင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို အသွင် ပြောင်းလာတာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့နိုင်ငံရေးအခြေအနေ အရသော်လည်းကောင်း၊ လုံခြုံရေးအခြေအနေ အရသော်လည်းကောင်း၊ တည်ငြိမ်အေးချမ်းဖို့ စိတ်မချဘူး”

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC) က ရခိုင်တွင် လူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး အရေးယူမည့်ကိစ္စအပေါ်

“ကျနော်တို့ ICC အဖွဲ့ဝင်မဟုတ်ဘူး။ ကျနော်တို့ ICC နဲ့ပတ်သက်ပြီး ဘာမှလိုက်နာစရာ အကြောင်းမရှိဘူး။ သူ့ဟာ သူပြောချင်ရာပြောပါစေ။ ကျနော်တို့လည်း ကိုယ့်နိုင်ငံရဲ့Sovereignty အရပဲ ကျနော် တို့သွားရတာပဲ။ ကျနော်တို့ကို လာပြီးခြိမ်းခြောက်လို့လည်း မရဘူး”

ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး

“ငြိမ်းငြိမ်းချမ်းချမ်း ကျနော်တို့ဆွေးနွေး၊ နိုင်ငံရေးအရ လိုအပ်ချက်ကိုဆွေးနွေးလို့ရှိရင် လက်နက်ကိုင်ပြီး ဆွေးနွေးလို့တော့မရဘူး။ ငြိမ်းငြိမ်းချမ်းချမ်းဆွေးနွေး။ ဒါကြောင့် NCA လက်မှတ်ထိုးပါ။ ကျနော် တို့ပြော တယ်၊ လက်နက်ကိုင်လမ်းစဉ်စွန့်ပါ။ နိုင်ငံရေးအရဆွေးနွေးဖို့ အတွက် လွှတ်တော်တွေ ရှိတာပဲ”

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts