All News Local News

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ထူထောင်မည်ဖြစ်ကြောင်း သူရဦးရွှေမန်းကြေညာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ အမည်ဖြင့် နိုင်ငံရေးပါတီ တစ်ရပ်ထူထောင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက ကြေညာချက်ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ Union Betterment Party အမည်ဖြင့် နိုင်ငံရေးပါတီ ထူထောင်ရန် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ အဆိုပြုလွှာတင်ပြထားကြောင်း၊ UBP ပါတီသည် အဓိကအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ ထူထောင်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အဓိက အခြေခံဖြစ်သည့် စီးပွားရေးကို တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ယာဉ်ကျေးမှု ကဏ္ဍ စနစ်တကျ အကောင် အထည်ဖော်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားမျှတရေးနှင့် ငြိမ်းချမ်းရေး၊ မြန်မာနိုင်ငံနှင့် ဆီလျှော် လိုက်ဖက်သော ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ပေါ်လာရေး တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ အားပေးမှုနှင့် အကြံပြုချက်များကို ခံယူလိုကြောင်း ပြည်သူများထံ တင်ပြချက်ဆိုသော ကြေညာချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts