interview political news

“နိုင်ငံတော်သမ္မတက ဖိဖိစီးစီးပြော၊ တရားလွှတ်တော်ချုပ်၏ ပြင်ဆင်ချက်ဖြင့် ဇေယျာဖြိုး နှင့် အောင်ဝင်းထွန်းတို့၏ ထောင်ဒဏ် ပြစ်ဒဏ်ကို တိုးမြှင့်နိုင်”

By ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းမှ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်နှင့်ဆက်သွယ်မေးမြန်းချက်

မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေအသင်းက တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု ပြစ်ဒဏ်ချမှတ်ရာတွင် ကြည်လင်းနှင့်အောင်ဝင်းဇော်ကို သေဒဏ်ချမှတ်လိုက်သော်လည်း ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းကို ထောင်ဒဏ် ၅ နှစ်နှင့် ၃ နှစ်သာ ချမှတ်မှုအပေါ် တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်သော လုပ်ရပ်အဖြစ် ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ် သော ရှေ့နေများအသင်းမှ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း ကြေညာချက်မှာ ကြည်လင်းပါ ၄ ဦးကို အကြမ်းဖက်မှုနဲ့ အရေးမယူတဲ့ အပေါ် နောက်တစ်ခါ ဇေယျာဖြိုးအပေါ်မှာ ပြစ်ဒဏ်နည်းနေတာအပေါ် ထောက်ပြထားတာတွေ့တယ်။ အဲဒါ ဒီကြေညာချက်ရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ။

ဖြေ ။ ။ အမှုတစ်ခုရဲ့အလားအလာဆိုတာကတော့ ဒီအမှုတွက်သက်သက် ကျနော် တို့ ရေးတာမဟုတ်ဘူးခင်ဗျ၊ နောက် ကျနော်တို့ရဲ့ထုတ်ပြန်ချက်ကလည်း ဒီအမှုတစ်ခုတည်းအတွက်သက်သက် မဟုတ်ဘူး။ ဒီအမှုကတော့ ခုန ပြောသလို ပေါ့ဗျာ ဒီ စွဲချက်တင်ကတည်းက၊ အမှန်ကတော့ စွဲချက်တင်ကတည်းက ပုဒ်မဆိုလို့ရှိရင်လည်း တွေ့ရှိ၊ ခုနကလို အကြမ်းဖက်ဥပဒေ အစရှိသဖြင့်ပေါ့ဗျာ၊ အဲဒီဥပဒေတွေနဲ့ စွဲချက်တင်ကတည်းက တင်ခဲ့ရမှာလေ။

အပြီးသတ်ကျမှ ကျနော်တို့ ဒီအမှုအတွက် ထောက်ပြတာမဟုတ်ဘူး။ ဘာဖြစ် လို့လဲဆိုတော့ သူက ဥပဒေရဲ့သဘောတရားအရ ဒါကတော့ ဘက်မလိုက်တမ်း ဥပဒေရဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် စွဲချက်တင်တဲ့ ဥပဒေပုဒ်မနဲ့ အပြစ်ပေး တဲ့ဥပဒေပုဒ်မဟာ အပြစ်ပေးတဲ့ဥပဒေ ပုဒ်မဟာ စွဲချက်တင်တဲ့ဥပဒေပုဒ်မထက် မကျော်စေရဘူးဗျ၊ အဲဒီလိုလေ။

ဥပမာဆိုပါတော့ဗျာ ၃၀၄ လူသေစေမှုနဲ့ စွဲချက်တင်ထားရင် ၃၀၂ နဲ့ အပြီး သတ်မှာ အပြစ်ပေးလို့မရဘူး။ ၃၀၂ နဲ့ စွဲချက်တင်ထားပြီးတော့မှ ၃၀၄ နဲ့ အပြစ်ပေးရင် ရတယ်။ အဲဒီတော့ စွဲချက်အဆင့်တုန်းက ခုနလို အဲဒီ ဟိုဟာ တွေမပါဘူးဗျ၊ ဒီ အကြမ်းဖက်ကိစ္စ။ နောက်ပြီးတော့ ဂိုဏ်းနဲ့ဖွဲ့ပြီးတော့ ဆိုးသွမ်းတဲ့ ကိစ္စပေါ့ဗျာ။ အဲဒီတော့ အဲဒါတွေမပါတဲ့အခါကျတော့ ဒီအမှုမှာတော့ အခုကျမှစပြီးတော့ ဟိုဟာလုပ်လို့မရဘူးလေ။ အပြီးသတ်ကျမှ ဒါက ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပြောလို့မရဘူး။ ဒါက အစကတည်း ကဖြစ်ကြရမယ့်ကိစ္စ။ အဲဒီတော့ ကျနော်ဆိုလိုတာက ကျနော်တို့ကတော့ ဒါ အစဉ်အလာကြီးတစ်ခုဖြစ်သွားမယ် နော်။

ဘက်လိုက်ပြီးတော့မှ ပေါ့ပေါ့လျော့လျော့ အစဉ်အလာကြီး။ ဒီကိစ္စမှာ အထူး သဖြင့် ၂ ယောက်ပေါ့ဗျာ နော်၊ ဟိုဟာကတော့ ရှေ့က ၂ ယောက်ကတော့ မဖြစ်မနေ သေဒဏ်ပေးတယ် နော်၊ မပေးမဖြစ်လို့ ပေးတာကိုး၊ ၃၀၁(ခ)နဲ့ စွဲတင်တာ။ ၃၀၁(ခ)နဲ့ စွဲတင်ရင် ဒါ သေဒဏ်ပေးကိုပေးရမှာ။ အဲဒီအတွက် ကြောင့် သူက ဒါ ပေးလိုက်တယ်။ ကျန်တဲ့နှစ်ယောက်ကျတော့ ခုနပြော သလိုပေါ့၊ ၂၀၁ နဲ့စွဲတင်ပြီးတော့ ၂၀၁ နဲ့ အပြစ်ပေးတယ် အဲဒါမျိုးပေါ့ဗျာ။

အဲဒီတော့ ထောင်ဒဏ် ၃ နှစ်တို့၊ ၅ နှစ်တို့ဆိုတဲ့ကိစ္စကျတော့ ဒါက ပေါ့တန်လွန်း တာရှိတယ်။ အဲဒီမှာ ကျနော်တို့က ဟိုဟာဖြစ်တာက သေဒဏ်ပေးတယ် ဆိုတဲ့ အချိန်မှာကိုပဲ Case တစ်ခုတည်းမှာကိုပဲ သေဒဏ်ပေးတာရှိတယ်။ ဒုတိယ Case မှာ သေဒဏ်မပေးဘူး။ ၃၀၂ ပဲပေါ့လေ။ ၃၀၂ ပဲ ဖြစ်တဲ့အတွက်ကြောင့် သေဒဏ် မပေးဘူးလို့ ဟိုဟာဖြစ်တာရှိတာ နော်။ အဲဒီတော့ နောက်တစ်ခါ ဟိုနှစ်ယောက် မှာလည်း အားပေးကူညီတယ်ဆိုတာက အကြံအစည်ကြီးတစ်ခုကို ဖြစ်မြောက် အောင် အားပေးကူညီတာဟာ ၃၄ ထဲ ဝင်နိုင်တယ်ဗျာ။ ၃၄ ထဲဝင်ရင် ၃၄ ဆိုရင် ပြစ်ဒဏ်ထပ်တူချရမယ်၊ အဲဒါမျိုးတွေနဲ့ ချရတာပေါ့ဗျာ။ အဲဒီဥစ္စာတော့ ဥပဒေ အရ နက်ရှိုင်းတဲ့ကိစ္စတွေ ဖြစ်တယ်ပေါ့။ ဒါပေမယ့် ကျနော်တို့က ဒီအမှုတစ်ခု တည်းမဟုတ်ဘူးဗျ၊ ဥပဒေပြဿနာကြီးတွေ အကုန်လုံးကို ကျနော်တို့ တင်လိုက် တာပေါ့ဗျာ။

နောက်နောင်လည်းပဲ ဟိုဟာလုပ်ဖို့။ ဒါပေမယ့် တစ်ဖက်ကလည်း ဥပဒေပြဿနာ ဒီလိုမှားယွင်းနေတယ်ဆိုတဲ့အတွက်ကြောင့် ကျနော်တို့ ကုစားနိုင်တဲ့နေရာတွေကနေပြီးတော့မှ ကုစားဖို့ပေါ့ဗျာ။ အဲဒါက နိုင်ငံတော် သမ္မတ ကျနော်တို့ အင်မတန်အားကိုးတာ အဲဒါပါပဲ။ နိုင်ငံတော်သမ္မတဆီကို တင်တယ်။ နိုင်ငံတော်သမ္မတကနေပြီးတော့မှ ဒီဥစ္စာကို ဖိဖိစီးစီးလုပ်ရင် သူက တရားရေးကို ဝင်စွက်တာတော့မဟုတ်ဘူးဗျာ၊ သူ့ရဲ့အသံက ရှေ့နေလည်းဖြစ်တယ်၊ ဥပဒေသမားလည်းဖြစ်တဲ့အခါ သူ့အသံက တော်တော်လေး ပေါက်မြောက်နိုင်တာကိုး။
အဲဒီတော့ ကျနော်တို့က တရားလွှတ်တော်ချုပ်ကို တက်မယ် နော်၊ အခုက သူတို့က လည်း တိုင်းတရားလွှတ်တော်ကို တက်မယ်ပေါ့ဗျာ၊ သေဒဏ်ကို ဟိုဟာ လုပ်တဲ့ ၇ ရက်အတွင်းမှာ သေဒဏ်တည်တဲ့ကိစ္စရော၊ အယူခံတဲ့ကိစ္စရော တက်မယ်။

ဒါပေမယ့် ကျနော်တို့ အခုဟာ ကျနော်တို့မှန်းတာက အစိုးရဟာ ဒီ ဟိုဟာပေါ့ တိုင်းဥပဒေချုပ်ရုံးကဗျာ ပထမဆုံးတစ်ဆင့်က သူတို့က တာဝန်ယူရမှာ ပေါ့ ခုနကိစ္စတွေ။ အဲ့ဒါအပြင် ဒီနှစ်ယောက်အတွက်၊ နှစ်ယောက် ကို ပြစ်ဒဏ်တွေနည်းနေတဲ့ ကိစ္စအတွက်လည်းပဲ သူတို့က တက်ပေးဖို့တာဝန်ရှိတယ်၊

ပြစ်ဒဏ်တိုးမြှင့်ဖို့ တက်ပေးဖို့ တာဝန်ရှိတယ်ဗျ။ အဲဒီအလုပ်တွေ လုပ်အောင် ဆိုရင် ကျနော်တို့က ဖိဖိစီးစီး ဥပဒေကြောင်း အရပြော၊ နိုင်ငံတော်သမ္မတ ကနေပြီးတော့လည်း ဒါ ရှေ့နေချုပ်ရုံးကတစ်ဆင့် တိုင်းဥပဒေရုံးကို ပြောမယ် ဆိုရင် အခု အဲဒီအလုပ်တွေ လုပ်မယ် မလုပ်ဘူးဆိုတာ မသေချာဘူးဗျ နော်၊

ပြစ်ဒဏ်တိုးမြှင့်ဖို့ကိစ္စ တရားလိုဘက်က လုပ်မယ်ဆိုတာ မသေချာဘူးဗျ နော်၊ သေဒဏ်ကို အတည်ပြုဖို့ကိစ္စက မဖြစ်မနေလုပ်ရမယ့်ကိစ္စဖြစ်လို့ လုပ်မှာပဲ ဒါကတော့။ ဟိုဘက်က အယူခံတက်မှာပေါ့။ အဲဒီတော့ နှစ်ခုအပြိုင် တိုင်းတရား လွှတ်တော် မှာ တွေ့ကြမှာကိုး။ ကိုယ်ကနေစပြီးတော့ လုပ်ရမယ့်ကိစ္စကို လုပ်ချင်မှလုပ်မယ်၊ အဲဒါတွေအတွက် ကျနော်တို့က ထောက်ပြရတာပါ ဒီအမှုအတွက်ကျတော့လေ။
နောက်ပြီးတော့ တရားရေးဘက်တင်မဟုတ်ဘဲနဲ့ ခုန နိုင်ငံတော်သမ္မတ နေပြီးတော့ တရားလွှတ်တော်ချုပ်ကို သဘောထားပေးရင် တရားလွှတ်တော်ချုပ် အနေနဲ့က အမှုကို တစ်ခုလုံးပြန်စစ်ဖို့၊ ပြန်စစ်မယ် ဆိုလို့ရှိရင် စွဲချက်တွေမှာပါ ကျနော်တို့ ခုနပြောတဲ့ ပေါ်ပေါက်အောင်စစ်ရင်း ကနေ ကောက်ချက်တွေ ဟိုဟာလုပ်ပြီးတော့ စွဲချက်တွေမှာပါ ပြန်ပြီးတော့ ပြင်ပြီးတော့ တင်တာ မျိုးပေါ့ဗျာ။ အပြီး သတ်ပြစ်ဒဏ်ချတဲ့ နေရာမှာ ထိရောက်နိုင်လောက်အောင် စွဲချက်တွေမှာပြင်တာမျိုး အဲဒါမျိုးပါဖြစ်နိုင်အောင် ကျနော်တို့က ဘက်ပေါင်းစုံ ကနေ ကျနော်တို့ သဘောထားတင်ပြတာပါ။

မေး ။ ။ အဲဒီတော့ ဆိုလိုတာက ခု သူတို့ ပြစ်ဒဏ်တိုးမြှင့်ဖို့ တင်မယ်ဆိုလို့ရှိရင် ပုဒ်မတွေကတော့ ပြောင်းလို့တော့ မရဘူးပေါ့နော်။ ဒါပေမယ့် ပြစ်ဒဏ်တော့ ပြောင်းသွားမယ်ဆိုတဲ့ အဓိပ္ပာယ်လားဆရာ။
ဖြေ ။ ။ ဟုတ်ပါတယ်ဗျ၊ ဟုတ်ပါတယ်ဗျ။

မေး ။ ။ ပုဒ်မကတော့ ဆရာပြောသလို အကြမ်းဖက်နဲ့စွဲရမယ်ဆိုတာ ထပ်စွဲလို့တော့ ရမှာမဟုတ်တော့ဘူးပေါ့နော်။

ဖြေ ။ ။ ဟုတ်ပါတယ်၊ ဒါပေမယ့် ခုနပြောသလိုဗျာ၊ ဆက်ပြီးတော့ တက်သွားမယ်ဆိုလို့ရှိရင် ဒါကတော့ တစ်ခုတော့ရှိတယ်ဗျ၊ နဂိုက သူတို့က အကြမ်းဖက်နဲ့ စွဲချက်မှာ စွဲချက်တင်တုန်းက အကြမ်းဖက်နဲ့မပါရင် သူတို့တက်ကြရမှာလေ တကယ်က။ မတက်ခဲ့တဲ့အခါကျတော့ ဒီအချိန်ကျမှ အပြီးသတ်ချပြီးတဲ့ အကြမ်းဖက်မပါတဲ့ အမိန့်တစ်ခုချပြီးတဲ့အခါကျတော့ အကြမ်းဖက်နဲ့ မတင်ခဲ့လို့လို့ သူတို့လည်း ဥပဒေမရှိဘူးလို့ မပြောနိုင်ပေမယ့် ပရိုဆီဂျာအရ လုပ်ထုံးလုပ်နည်းအရ ဒီအလုပ်က မလုပ်ကြတာ။ ဒါပေမယ့် တရားလွှတ်တော်ချုပ်မှာ အဲဒီအာဏာရှိတယ်ဗျာ။ အဲဒါတွေကို ကျနော်တို့ မှန်းတာပါ။

မေး ။ ။ ဆိုတော့ တရားလွှတ်တော်ချုပ်ကနေ ပြန်ပြောင်းပြီးတော့ အကြမ်းဖက်နဲ့ ပြန်စွဲရင် …

ဖြေ ။ ။ တရားလွှတ်တော်ချုပ်က အမှုတစ်ခုလုံးကို ကြည့်ပြီးတဲ့အခါကျတော့ မှားယွင်းနေတယ်၊ အဆုံးအထိဟာ မှားယွင်းနေတယ်လို့ ယူဆရင် ဒီအမှုက တရားလွှတ်တော်ချုပ်ဆီ မရောက်ခဲ့ဘူးလေ နော်၊ စွဲချက်အဆင့်တုန်းက တရားလွှတ်တော်ချုပ် မရောက်ဘူး၊ တိုင်းတရားလွှတ်တော်နဲ့တင် ပြီးခဲ့တာ နော်။ အဲဒီတော့ တရားလွှတ်တော်ချုပ်က သူ့မှာ သူစဉ်းစားနိုင်တဲ့ အခွင့်အာဏာလည်း ရှိတယ်ပေါ့။

မေး ။ ။ ဒါဆိုရင်တော့ မျှော်လင့်ချက်တော့ရှိတယ်ပေါ့၊ ပြန်ပြောင်းနိုင်ဖို့ တိုင်းတရားလွှတ်တော်ချုပ် အနေနဲ့ပေါ့နော်။ သူ့မှာ Authority ရှိတယ်ပေါ့။

ဖြေ ။ ။ မျှော်လင့်ချက်ဆိုတာ ကျနော်တို့က အဲဒီလမ်းကြောင်းကို ဖော်ပေးတာပါဗျ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts