All News Local News

နာဂအဖွဲ့ အသွင်ယူထားသည့် ကသည်းနှင့်အာသံ လက်နက်ကိုင်စခန်းများ သိမ်းပိုက်နိုင်ဟု အစိုးရတပ်မတော် သတင်းထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တကားကျေးရွာအနီးတစ်ဝိုက်ရှိ NSCN(K) စခန်းနှင့် အနီးပတ်ဝန်းကျင်နေရာများတွင် နာဂအဖွဲ့ NSCN(K) အသွင်ယူထားသည့် အာသံနှင့်ကသည်း စခန်းများကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အစိုးရတပ်မတော်က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၄ ရက်တွင် တကားကျေးရွာ၏အနောက်ဘက် မီတာ ၁၆၀၀ ခန့်အကွာရှိ လျှိုအတွင်း၌ သိုဝှက်ထားသော လက်နက်မျိုးစုံ ၁၅ လက်၊ ခဲယမ်းနှင့်ဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်တွင်လည်း အဆိုပါနေရာ၌ ကျည်အိမ်မျိုးစုံ ၈၀ ခုနှင့် အသုံးအဆောင်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ တကားကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၈၀၀၀ ခန့်အကွာ အခြေပြု စခန်းတစ်ခုကိုလည်း ထပ်မံတွေ့ရှိ သိမ်းပိုက်ရရှိခဲ့ကြောင်း အစိုးရစစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင် ဖောြ်ပထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts