All News Local News

ဒုရဲအုပ် ၁ ဦး ကျဆုံးသည့် မောင်တောင်နယ်ခြားစောင့်ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရမှု AA နှင့် ARSA ပူးပေါင်းတိုက်ဆိုသော သတင်း AA ငြင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က AAနှင့် ARSA ပူးပေါင်း၍ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကို တိုက်ခိုက်၍ ဒုရဲအုပ်တစ်ဦး ကျဆုံးသည်ဆိုသော သတင်းသည် မဟုတ်မှန်ဘဲ AA တပ်ဖွဲ့ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း AA တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

အစိုးရက သတင်းထုတ်ပြန်ချက်တွင် ၂၀၁၉ ခုနှစ်၊ဖေဖော်ဝါရီလ ၁၄ရက် နံနက် ၂နာရီခွဲခန့်တွင် မောင်တောမြို့နယ် နယ်မြေ(၁)ဗန္ဓုလ-ခမောင်းဆိပ်-ကြိမ်ချောင်းသွားကားလမ်း ကာလာဒေးဗတ် ကျေးရွာအနီး ရဲဘောက်ချချောင်းတံတားထိပ် ခန့်မှန်းမြေပုံညွှန်း ဒီယူ-၂၆၀၅၉၈တွင် အမှတ်(၅)နယ်ခြား စောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်စိတ် ၁ စိတ်သည်နယ်မြေလမ်းကြောင်းလုံခြုံရေး ကင်းပုန်းဝပ်နေစဉ် AA/ARSA ပူးပေါင်းအင်အား ၃၀ ဦးခန့်က ကားလမ်း၏ အနောက်ဘက်မှ အရှေ့ဘက်သို့ ဖြတ်သန်းလာစဉ် နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်၍နံနက် ၄ နာရီတွင် တပ်မတော်စစ်ကြောင်းမှ စစ်ကူရောက်ရှိပြီး ပူးပေါင်းတိုက်ခိုက်မှုကြောင့် ၄ နာရီခွဲခန့်တွင် အကြမ်းဖက်သောင်းကျန်းသူ များမှာ အနောက်ဘက်သို့ဆုတ်ခွာသွားခဲ့ကြောင်း၊တိုက်ခိုက်မှုဖြစ်စဉ်တွင်ရဲတပ်ဖွဲ့ဝင် အရာရှိ ၁ ဦးကျဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါသတင်းထုတ်ပြန်ချက်ကို AA တပ်ဖွဲ့က ငြင်းဆိုပြီး အခြေအမြစ်မရှိသော ပြေဆာိုချက်ဖြစ်ကြောင်း၊ ယင်းရက်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်း ခိုင်သုခက ပြောသည်။

“ဘာမှ အခြေအမြစ်မရှိ လျှောက်ပြောနေတဲကိစ္စတွေပဲ ၊ ဒါက မြန်မာတပ်မတော် နဲ့ မြန်မာအစိုးရ ဘက်က ကျနော်တို့ ရခိုင်တပ်မတော်အပေါ်မှာ ရှုပ်ထွေးလာတဲ့ အရာတွေ ၊ သူတို့ပြောတဲ့ ရက်က ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူး။ အခြား အဖွဲ့အစည်းနဲ့ ဖြစ်တာ ဖြစ်မှာပေါ့။ ကျနော်တိုနဲ့ ဘာမှမဆိုင်ဘူး ။ မောင်းတောမြို့နယ်ထဲမှာ ကျနော်တို့နဲ့ မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်တာလည်း မရှိဘူးဗျာ။အဲဒါကလည်း မြန်မာစစ်တပ်ကလည်း သူတို့ဘာသာ ထုတ်ပြန်တာပဲ” ဟု ခိုင်သုခက ပြောသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts