All News Local News

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံရမှု တရားခံ ကြည်လင်းနှင့်အောင်ဝင်းဇော်ကို ကြိုးမိန့်သေဒဏ်ချ၊ ကျန် ၂ ဦးကို ထောင်ဒဏ် ၃ နှစ်နှင့် ၅ နှစ် ချမှတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ရှေ့ နေဦးကိုနီနှင့် တက္ကစီဒရိုင်ဘာ ကိုနေဝင်း အသတ်ခံရမှုတွင် တရားခံ ကြည်လင်းကို မသေမချင်းကြိုးကွင်းစွပ်သတ်မည့် ကြိုးမိန့် သေဒဏ်နှင့် ထောင်ဒဏ်နှစ် ၂၀ ၊ အောင်ဝင်းဇော်ကိုလည်း မသေမချင်းကြိုးကွင်းစွပ်သတ်စေမည့် ကြိုးမိန့်သေဒဏ် တရားရုံး ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။

အဆိုပါအမှုတွင် ပါဝင်ပတ်သက်သူ အောင်ဝင်းထွန်းကို ၃ နှစ် နှင့် ဇေယျာဖြိုးကို ၅နှစ် ပြစ်ဒဏ် မြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts