Local News political news

တပ်မတော်အနေနဲ့ နိုင်ငံရေးကနေ စွန့်ခွာဖို့ နှစ် ၂၀ ၊ ၂၅ နှစ် ကြာဦးမှာလား

By ရန်ကုန်ခေတ်သစ်

တပ်မတော်မှန်သတင်းပြန်ကြားရေးအဖွဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တွင် ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပခဲ့ပြီး ယင်းသတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်ခေတ်သစ်က မေးမြန်းခွင့်ရရှိခဲ့သည်။ ရန်ကုန်ခေတ်သစ်မေးမြန်းသည့်မေးခွန်းနှင့် ပြန်လည် ဖြေကြားသည့် အဖြေထဲမှ အရေးကြီး သည်များကို ပြန်လည် ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။

မေး။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သင့်တော်အချိန်မှာ ပြင်မယ်ပြောတယ်။ ပြင်သင့်ပြင် ထိုက်တာတွေ ပြင်မယ်လည်းပြောတယ်။ သင့်တော်တဲ့အချိန်ဆိုတာ ဘယ်အချိန်ပါလဲ။ နောက်ထပ် နှစ် ၂၀ ၊ ၂၅ ကြာဦးမလား။ ပြင်သင့်ပြင်ထိုက်တဲ့ အချက်တွေ ပြင်မယ်ဆိုတော့ တပ်မတော်က အခြေခံဥပဒေမှာ ပြင်ချင်တဲ့ အချက်တွေကို စာရင်းပြုစု ထားတာရှိလား။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ တပ်မတော်မှာ Road Map ရှိလား။ တပ်မတော်က ဘယ်တော့ နိုင်ငံရေးက စွန့်ခွာမလဲ။ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၁၉ ၇၄ အခြေခံ ဥပဒေတွေမှာ တပ်မတော်က နိုင်ငံရေးမပါခဲ့ဘူး။ အဲဒီတော့ ဘယ်တော့များမှ နိုင်ငံရေးက စွန့်ခွာမလဲ သိချင်ပါတယ်။

ဗိုလ်ချုပ်ထွန်းထွန်းညီ
ဒုတိယဥက္ကဋ္ဌ ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

ဘယ်အချိန်အထိပါနေမှာလဲဆိုတာက ခုနက ကျနော်ရှင်းပြတဲ့ အချက်ထဲမှာ တော်တော် ကျယ်ကျယ် ပြန့်ပြန့်ပါပါတယ်။ တော်တော်ကျယ်ကျယ်ပြန့်ပြန့်ကို ဆင်ခြင်ပြီးတော့ ကြည့်မယ် ဆိုရင် ကျနော်တို့ အကြောင်းမဲ့ ပါဝင်နေတဲ့ အခြေအနေမဟုတ်ဘူး။ ကျနော်တို့ ခုနက ပြောတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရှိနေတယ်။ ကျနော်တို့ နိုင်ငံ တည်ငြိမ်အေးချမ်း တဲ့ အခြေအနေ ရောက်နေလား၊ မရောက်နေလား ကြည့်ရင် သိသာပါတယ်။ တည်ငြိမ် အေးချမ်း တဲ့ အခြေအနေဆိုရင် တစ်မျိုးဖြစ်မှာပေါ့။အခုအချိန်က တကယ်ကိုဘက်ပေါင်းစုံမှာ တည်ငြိမ်အေးချမ်းမှု အများကြီးလိုအပ်နေတာဖြစ်ပါတယ်။ ပြင်မယ်ဆိုတဲ့ အချက်တွေ မပြင် ဘူးဆိုတဲ့ အချက်တွေ ခုနက ပြောပြီးပါပြီ။ နောင် အနှစ် ၂၀ ၊ ၂၅ ဆိုတဲ့ စကားမျိုးက တိုင်းပြည် မှာ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှု ဖြစ်ပေါ်လာတဲ့ အခြေအနေ အမြန်ဆုံးဖြစ် ပေါ်လာ ရင် ကျနော်တို့ လည်းဖြစ်စေချင်ပါတယ်။

ဗိုလ်ချုပ်စိုးနိုင်ဦး
ဥက္ကဋ္ဌ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်နေတာ ရှိပါတယ်။ ဆောင်ရွက်နေတဲ့ အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေ များလာတာကို သုံးသပ်ရရင် သူတို့က လက်နက်ကိုင်တပ်ဖွဲ့ ရှိမှ သူတို့ လူရာဝင်တယ်ဆိုတဲ့ အယူအဆ မျိုးရှိနေတာပါ။

ကျနော်တို့ ဒီမိုကရေစီမှာက လက်နက်ကိုင် တောင်းဆိုလို့ မရဘူးဆိုတဲ့ဟာရှိနေပါတယ်။ ကျနော်တို့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုသွားမှာ ဖြစ်တယ်။ ဒါဆိုရင် လက်နက်ကိုင် တိုင်းရင်းသား တွေက လက်နက် စွန့် ကို စွန့်ရမယ်။ ဒါနဲ့ပတ်သက်လို့ ဒါကို လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ နှစ်ပေါင်း ၇၀ နီးပါးလောက် ဒီပြဿနာကြီးကရှိနေတာပါ။ ဒီဟာကို ကျနော်တို့က လုပ်တဲ့အချိန်မှာ ကျနော်တို့ လက်တွေ့ ကျနော်တို့ လက်တွေ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စကားပြောရပါတယ်။

အဲဒီမှာ ဘာတွေ့ရလဲဆိုရင် သူတို့မှာ အီမိုးရှင်းတွေရှိတယ်။ နောက်တစ်ခုက သူတို့ မှာ စိုးရိမ်စိတ်တွေရှိတယ်။ နောက်တစ်ခုက အကျိုးစီးပွားတွေရှိတယ်။ ဒီ ၃ ချက်ပေါ် မူတည်ပြီး တော့ သူတို့ အနေနဲ့ ဆောင်ရွက်နေတာရှိတယ်။ ဒါကြောင့်မို့ ဒီဟာလေးတွေကို ယုံကြည်မှု မရသေးခင်မှာ အချင်းချင်း အပြန်အလှန်ထိတွေ့ပြီးတော့ နားလည်မှုရအောင် ဆောင်ရွက် နေပါတယ်။ ဒီလို ဆောင်ရွက်ပြီးကာမှ အပြန်အလှန်နားလည်မှုနဲ့ ယုံကြည်မှုကို ကိုသွားလို့ ရမယ်လို့ယူဆထားပါတယ်။ နောက်တစ်ခု က ၂၀၂၀ မှာ ငြိမ်းချမ်းရေးကို ရမယ်လို့ ပြောထား တာရှိပါတယ်။

တိုင်းရင်းသားတွေက ဒီအပေါ်မှာ ဘယ်လိုများ လုပ်လေမလဲဆိုတဲ့ စိုးရိမ်စိတ်ရှိပါတယ်။ ဒါကတော့ ကျနော်တို့ သွားနေတာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီးတော့ NCA လမ်းကြောင်းပေါ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်အောင်ဆောင်ရွက်မယ်။ အဲဒီအချိန်မှာ သေနတ်သံတွေရပ်သွားမယ်။ ကျနော်တို့ DDR လုပ်ခိုင်းတာမဟုတ်သေးဘူး။ သူတို့ လက်နက်တွေ သူတို့ဟာ သူတို့ သိမ်းထား။ လက်နက်မပစ်နဲ့တော့ ဆွေးနွေးပွဲ လမ်းကြောင်းမှာပဲ အဖြေရှာကြမယ်လို့ ကျနော်တို့ ရောက်အောင် ဆောင်ရွက်နေပါတယ်။ ဒါကလည်း ဘာဖြစ်လဲဆိုတော့ ကျနော်တို့က All Inclusive ကို သွားနေတယ်။ ALL Inclusive ဖြစ်တဲ့အတွက် NCA မှာလည်းပါပြီး သားဖြစ်တယ်။ ဒီဟာကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက ကျနော်တို့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းတွေက သူတို့ အချင်းချင်းလည်း ပစ်ခတ် တိုက်ခတ်နေတာ ရှိတဲ့အတွက် သူတို့လည်း အားလုံး စွန့်လွှတ်လိုက်မှ အဆင်ပြေသွားမယ်။ စွန့်လွှတ်လိုက်ရင် သူ့ ကို လာတိုက်နေတဲ့သူက လက်နက်မရှိတော့ရင် ဆိုတဲ့ စိုးရိမ်စိတ်တွေရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီအပေါ်မှာ စိတ်ရှည်ရှည်နဲ့ ဆောင်ရွက်နိုင်ဖို့ All Inclusive ကိုလည်း စဉ်းစားရမယ်လို့။

နောက်တစ်ခုက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေကို အတတ်နိုင်ဆုံး မြန်မြန် ထိတွေ့ပြီးကာမှ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ နားလည်မှုတွေ တည်ဆောက်ပြီး သွားလို့ရမယ်။ နောက်တစ်ခုက ကျနော်တို့က သူတို့ရဲ့ စိုးရိမ်စိတ်တွေ၊ သူတို့ရဲ့ အီးမိုးရှင်းတွေ၊ သူတို့ရဲ့ လိုအင်ဆန္ဒတွေ အသိပေးရမယ်ဆိုတာကို အပြန်အလှန် လေးစားပြီးတော့ ဆောင်ရွက်ဖို့ လိုပါ့မယ်။ ဒါကြောင့်မို့လို့ Time Frame သတ်မှတ်မထားရင် ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ၂၀၂၀ မှာ ကျနော်တို့က NCA လမ်းကြောင်းကို ရောက်ကိုရောက်ရမယ်။ သေနတ်သံတွေ တိတ်သွားရမယ်။ မိမိသေနတ်တွေကို မိမိတို့ သိမ်းထားပြီးကာမှ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာလျှောက်သွားမယ်ဆိုတဲ့ဟာကို ကျနော်တို့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

တပ်မတော်က ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ကာလမှာ သီအိုရီအရ Institution တွေ ခိုင်မာအားကောင်းဖို့ လိုအပ်ပါတယ်။ ကျနော်တို့ နိုင်ငံမှာ ခိုင်မာအားကောင်းတဲ့ Institution ဆိုလို့ လောလောဆယ်တော့ တပ်မတော်တစ်ခုတည်းပဲရှိပါတယ်။ ဒီလိုမျိုးပြောရတာ အမြင်အရ ကျနော်တို့ ပြောပါတယ်။ နောက်တစ်ခုကျန်တာတွေလည်း အားကောင်းအောင် ဝိုင်းလုပ်သွားရမယ်။ အသွင်ကူးပြောင်းတဲ့ကာလမှာ အလှုပ်အရမ်းမများအောင်လို့ အလှုပ်အရမ်းများပြီးကာမှ ဒီမိုကရေစီလမ်းကြောင်း တိမ်းစောင်းမသွားအောင် အောင်အောင်မြင်မြင်ရောက်ဖို့ ဒီဟာကို ထိန်းကျောင်းပေးနေတယ်ဆိုတဲ့ အယူအဆကို လက်ခံစေချင်ပါတယ်။

နောက်တစ်ခုကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ မရှိတော့ဘူး။ ငြိမ်းချမ်းသွားရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောထားပါတယ်။ တပ်မတော်ကနေ နိုင်ငံရေးကနေ စွန့် ခွာဖို့ အစီအစဉ်ရှိပါတယ်။ ငြိမ်းချမ်းရေးကို နိုင်ငံတော်အစိုးရလည်း လိုချင်ပါတယ်။ ကျနော်တို့ တပ်မတော်လည်းလိုချင်ပါတယ်။ ပြည်သူလည်း လိုချင်ပါတယ်။ ကျနော်ထင်ပါတယ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း လိုချင်ပါတယ်။ သူတို့ ဘာကျန်နေလဲ ဆိုရင် အချက် ၃ ချက်ကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကို အားလုံးက အပြန်အလှန် နားလည်မှု တည်ဆောက်ပြီးသွားရင်တော့ ရနိုင်ပါတယ်။ သို့ သော်လွယ်လွယ်ကူကူတော့ မဖြစ်ပါဘူး။ အဲဒီအတွက်ကျနော်တို့က Time Frame ထားပြီးတော့ ဆောင်ရွက် ခြင်းဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts