All News Local News

ကချင်သယံဇာတဝန်ကြီးသစ်က တရုတ်၏ မြစ်ဆုံစီမံကိန်းအကြောင်း ဘာမှမသိရဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ကချင်ပြည်နယ်တွင် တရုတ် CPI က ဆောင်ရွက်လျက်ရှိသည့် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မသိရှိရသေးကြောင်း ကချင်ပြည်နယ်အစိုးရ၊ သယံဇာတနှင့်သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးသစ် ဦးဒါရှီလဆိုင်းက ပြောသည်။

လက်ရှိမြစ်ဆုံအရေးကိစ္စတွင် ယခင် မည်သည့်အတိုင်းအတာအထိ ဆောင်ရွက်ထားပြီးပြီလဲဆိုသည်အပေါ် အခြေခံပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၊ လက်ရှိအနေအထားကိုသုံးသပ်ပြီး လျင်လျင်မြန်မြန်လုပ်ဆောင်ရမည့်ကိစ္စများကို ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ ဒီမြစ်ဆုံပတ်သက်ပြီး ဘယ်လို့ဘယ်ပုံ ဆောင်ရွက်ထားလဲ ဘာမှ မသိရဘူး။ မသိရသေးတဲ့အချိန်ဆိုတော့ ဒီမြစ်ဆုံနဲ့ ပတ်သက်ပြီးတော့ ပထမဦးဆုံးကတော့ ကျနော်တိုလည်း ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဝန်ကြီးအဖွဲ့ထဲမှာ ပါဝင်လာပြီး ဖြစ်တဲ့အတွက် ဒီအချက်အလက်တွေကို သိရှိအောင် ကြိုးစားဖို့ လိုတယ်။ ပြီးရင် ရရှိလာတဲ့ ဘယ်လိုဘယ်ပုံ လုပ်ရမယ်ဆိုတာကို ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ အကောင်းဆုံးဖြစ်အောင် တိုင်ပင် အကြံဉာဏ်ပြုသွားမယ်“ ဟု သဃံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောသည်။

ကချင်ပြည်နယ်ဒေသအတွင်း သယံဇာတထုတ်ယူမှုကြောင့် သဘာဝပတ်ဝန်းကျင်ပိုင်းဆိုင်ရာတွေ ဆုံးရှုံးမှုများမရှိစေရန် နည်းဥပဒေ ၊ ဥပဒေတွေကို မှီငြမ်းပြီး ဉာဏ်စွမ်းရှိသလောက် ကြိုးစားလုပ်ကိုင်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောသည်။

“ကျနော်တို့ကတော့ ဥပဒေအစိုးရအဖွဲ့ ၊ ဝန်ကြီးတစ်ယောက်က ဥပဒေကို မှီငြမ်းပြီး လုပ်ရမယ့် အခြေအနေဆိုတော့ ဥပဒေအပေါ် အခြေခံပြီး ပြည်သူတွေအတွက် ဥပဒေရဲ့ အကာအကွယ် လုံလုံခြုံခြုံရနိုင်အောင် အကောင်းဆုံး ကြိုးစားသွားမယ်“ ဟု သဃံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောသည်။

အသစ်ခန့်အပ်လိုက်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလဆိုင်းသည် အနားပေးခံလိုက်ရသည့် ဦးH လအောင် နေရာတွင် အစားထိုးဝင်ရောက်ခြင်းဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် ကချင်ပြည်နယ်အစိုးရဝန်ကြီး ၃ ဦးကို သမ္မတက အနားပေးခဲ့ခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com