All News Local News

RCSS နှင့် PNLO အကြား စစ်ရေးပဋိပက္ခ အစိုးရ နှင့် တပ်မတော်က ကြားဝင်ဖြေရှင်းပေးရေး UWSA က အကူအညီတောင်း

ရန်ကုန်၊ ဇန်နဝါရီ ၇

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တို့အကြား ဖြစ်ပွားနေသော စစ်ရေး ပဋိပက္ခကို အစိုးရနှင့်တပ်မတော်က အမြန်ဆုံးကြားဝင် ဖြေရှင်း ဆောင်ရွက်ပေးရန် UWSA ၀ တပ်ဖွဲ့က အကြောင်းအကြား အကူအညီ တောင်းခံထားကြောင်း UWSA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးညီရန်းက ပြောကြားသည်။

RCSS နှင့် PNLO တို့အကြား စစ်ရေးပဋိပက္ခကြောင့် နေ့စဉ် စစ်ဘေးရှောင် ပအိုဝ်းလူမျိုးများ UWSA ပိုင်နက်အတွင်း ဝင်ရောက်နေပြီး UWSA ကလည်း ကူညီမှုများ ဆောင်ရွက်ပေးနေကြောင်း၊ လတ်တလော စစ်ရှောင် ပအိုဝ်းလူမျိုး ၅၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျနော်သိရသလောက်ဆိုရင်တော့ အယောက် ၅၀၀ ဝန်းကျင်တော့ရှိပါပြီ။ တစ်ရက်ကို ၅၊ ၆ ယောက် ၊ ၅၊ ၆ ယောက် အဲလိုမျိုး လာလာနေတာရှိတယ်။ မနေ့ကတော့ အယောက် ၄၀ ဝန်းကျင်ခန့်ရှိတယ်။ ကျနော်တို့ကတော့ တပ်မတော်နဲ့ အစိုးရတွေကို လှမ်းပြီးမှ အကြောင်းကြား အကူအညီတောင်းထားတာရှိတယ်။ ဒီကိစ္စအမြန်ဆုံးပြေလည်အောင်ဖြေရှင်းပေးဖို့ ကျနော်တို့ကလည်း သက်ဆိုင်ရာ RCSS နဲ့ PNLO အဖွဲ့တွေကိုလည်း တိုင်းရင်းသားပြဿနာ၊ နယ်မြေပြဿနာတွေကို တွေ့ဆုံဆွေးနွေးကြဖို့ ၊ စစ်ရေးနဲ့ မဖြေရှင်းကြဖို့ တိုက်တွန်းလိုပါတယ်။ တိုင်းရင်းသားအချင်းချင်းနဲ့ စာနာထောက်ထားတဲ့အနေနဲ့ မည်သည့်လူမျိုး တိုင်းရင်းသားမဆို တန်းတူညီမျှမှုနဲ့ ကျနော်တို့ ခွဲခြားမှုတွေမရှိဘဲနဲ့ ကူညီစောင့်ရှောက်ထားတာတွေရှိပါတယ်။

စစ်ရှောင် ပအိုဝ်း စစ်ရှောင် ဒုက္ခသည်များသည် “ဝ” ပြည်နယ်တောင်ပိုင်း ၁၇၁ စစ်ဒေသအတွင်းသို့ သံလွင်မြစ်ကိုဖြတ်ကျော် ထွက်ပြေးနေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com