All News Local News

NLD ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု တရားစီရင်ရေးတွင် တရားခံဘက်ကြောင့် အချိန်ကြန့်ကြာနေဟုဆို

နန့်အိသူ/ရန်ကုန်ခေတ်သစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) တရားလွှတ်တော်ရှေ့ နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုကို မြောက်ပိုင်းခရိုင်တရားရုံးတွင် စစ်ဆေးနေမှုသည် တရားခံဘက်ကြောင့် ကြန့်ကြာနေကြောင်း တရားလိုဦးကိုနီမိသားစု၏ ရှေ့ နေဦးခင်မောင်ဌေးက ပြောကြားသည်။

တရားလွှတ်တော်ရှေနေ့ဦးကိုနီ ရန်ကုန်လေဆိပ်တွင် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး သေနတ်သမား ကြည်လင်း ၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ကို ဇန်နဝါရီ ၁၁ ရက်နေ့ က ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ အကြိမ် ၁၀၀ မြောက် ရုံးချိန်းအဖြစ် ရုံးထုတ်စစ်ဆေးခဲ့စဉ် ရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။

တရားလိုရှေ့နေဦးခင်မောင်ဌေးကတော့ “ဒီအကြိမ် ၁၀၀ ကြိမ်မြောက် ရုံးချိန်းမှာ သက်သေစစ်ဆေးခြင်းလုပ်ငန်းတွေဟာ ဒီလအတွင်းမှ ပြီးတော့မယ်လို့ ယုံယုံကြည်ကြည်နဲ့ မြင်ရတဲ့အနေအထားဖြစ်တယ်။ မစစ်ဖြစ်တဲ့တရားခံ တွေ အများကြီးကို သက်သေတင်ထားပြီးတော့မှ စစ်တဲ့ရုံးချိန်း မရှိဘဲနဲ့ ပယ် ပယ်ပြီး ပေးနေဆိုကတည်းက ၊ ကျနော်တို့ တရားလိုပြသက်သေ တွေစစ်တယ် ။ မစစ်ဖြစ်လို့ ပြန်သွားရတဲ့ ရက်ဟာ မရှိသလောက်ပါပဲ ။ သို့သော် တရားခံပြသက်သေ တွေစစ်နေတဲ့အချိန်မှာ ကျနော်တို့ ရုံးကို လာတယ်။ သက်သေတွေပယ်လိုက်တယ် ။မစစ်ဘဲ ပြန်သွားရတယ်ဆိုတာ ရုံးချိန်းပဲ။ အဲဒီတော့ မလိုအပ်တဲ့ ရုံးချိန်းတွေ တင်သလား ။ စစ်ရန်အကြောင်းမရှိတဲ့သက်သေကို တင်သလဲ ။ကြည့်မယ်ဆိုရင် ဒါက မြင်သာပါတယ်။အဲဒီတော့ အမှုစွဲတယ်။ မဟုတ်ရင်လည်း အဲ့ဒီသက်သေတွေဟာ တစ်ကယ်တမ်းအားဖြင့် သက်သေခံဥပဒေပုဒ်မနဲ့ ချိန်ထိုးကြည့်လိုက်ရင် သူတို့ကိုဆန့်ကျင်ပြီး ထွက်မယ် သက်သေတွေ ၊ သူတို့အကျိုးစီးပွား ရှိရာ ရှိကြောင်းကို ပြောမှာ မဟုတ်တဲ့သက်သေတွေ ၊ ဒါကြောင့် သူတို့မစစ်ဘူး ဆိုတဲ့အကြောင်း မြင်သာနေတဲ့ နေတဲ့အကြောင်းအရင်းအချက်ပါပဲ။ ဒါကြောင့်မို့ ဘယ်သူကအမှုစွဲနေတာလဲ ၊ ဒီသက်သေတွေ မစစ်ဖြစ် တာက အမှုစွဲရင် လည်းကောင်း၊ သိုမဟုတ် ဒါကတင်တဲ့ဘက်ကို ဆန့်ကျင်တဲ့သက်သေတွေဖြစ်တဲ့အတွက် လည်းကောင်း၊ ဒါက မြင်ရတွေ့ရတဲ့အခြေအနေပါပဲ ။ ဒါကြောင့် တရားလိုဘက်က အမှုစွဲတာမရှိပါဘူး။ အမှုစွဲတယ်ဆိုတဲ့၊ အမှု ကြန့်ကြာဆိုတဲ့ကိစ္စက တရားခံဘက်ကနေကြောင့် အမှုတွေ ကြာနေတယ်ဆိုတာ ကျနော်တို့ မြင်သာတဲ့အနေအထားပါ ” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။

ယနေ့ ရုံးချိန်းတွင် တရားခံပြသက်သေ ၃ ဦးထဲမှ အောင်ဝင်းဇော်၏ တရားခံပြသက်သေတစ်ဦးဖြစ်သည့် လေဆိပ်ရဲမှူးကြီးသည် ရုံးချိန်း အကြိမ်ကြိမ် မလာရောက်ခဲ့သဖြင့် ၎င်းကို မစစ်ဆေးဖြစ်ဘဲ သက်သေအဖြစ်မှ ပယ်ချလိုက်ကာ တရားခံပြသက်သေစုစုပေါင်း ၃ ဦး ထပ်မံစစ်ဆေးရန် ကျန်ရှိတော့သည်။

ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှု၏ ၁၀၁ ကြိမ်မြောက် ရုံးချိန်းကို ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com