All News Local News

၀န်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ အရာရှိများ လိုက်ပါ သော ကားတန်း မိုင်း ၃ လုံးခွဲ တိုက်ခိုက်ခံရ၊ ခရိုင်အုပ်ချုပ်ရေးမှူးကား ပျက်စီး

ပျက်စီးသွားသော ခရိုင်အုပ်ချုပ်ရေးမှူး၏ကား

Photo Credit : Aung Than Hlaing

ရန်ကုန်၊ ဇန်နဝါရီ ၁

ဝန်ကြီးချုပ် ဦးညီပုနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အရာရှိများ လိုက်ပါသော ကားတန်းသည် ယနေ့ ညနေ ၅ နာရီခန့်က မိုင်းခွဲတိုက်ခိုက်ခံရပြီး ခရိုင်အုပ်ချုပ်ရေးမှူး၏ ကား ပျက်စီးသွားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်မှ ပြန်လာသော ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အရာရှိများ လိုက်ပါသော ကားတန်းသည် မြောက်ဦးမြို့အဝင်တွင် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး မိုင်း ၃ လုံးထိသွားကြောင်း၊ အစိုးရအရာရှိများ ထိခိုက်မှုမရှိသော်လည်း ခရိုင်အုပ်ချုပ်ရေးမှူး၏ ကား ပျက်စီးသွားကြောင်း သိရှိရသည်။

“ဝန်ကြီးချုပ်ဦးညီပုကားက ရှေ့ဆုံးကပါ။ ကားတန်းတိုက်ခိုက်ခံရတယ်။ မိုင်း ၃ လုံးကွဲတာပေါ့။ ကျောက်ဖြူက ပြန်လာပြီး မြောက်ဦးမြို့အဝင်မှာ မိုင်းခွဲခံရတာ။ ခရိုင်အုပ်ချုပ်ရေးမှူးကားတော့ တော်တော်ထိသွားတယ်။ လူတွေတော့မထိဘူး”ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းသာစိန်ကမူ ကား ၃ စီး မြောက်ဦးမြို့အဝင်နားတွင် မိုင်းဖြင့် တိုက်ခိုက်ခံရခြင်းမှန်ကန်သော်လည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကားတန်းဟုတ်၊ မဟုတ် မသိရှိကြောင်း၊ အစိုးရအရာရှိများ လိုက်ပါသော ကားတန်းဟုသာ သိရှိထားကြောင်း ရန်ကုန်ခေတ်သစ်သို့ပြောဆိုသည်။

“ဦးညီပုကားလား ဟုတ် ၊ မဟုတ် ကျနော် မသိဘူး။ သို့သော် ကား ၃ စီးပေါ့ ။ အစိုးရအရာရှိတွေ ပါတယ်လို့ပဲ သိထားတယ်”ဟု ဦးထွန်းသာစိန်က ပြောသည်။

ဓါတ်ပုံ – မိုင်းခွဲတိုက်ခိုက်ခံရသော ကားတန်းနှင့် မိုင်းကွဲမှု မြင်ကွင်း။

www.khitthitnews.com

Photo Credit : Aung Than Hlaing

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com