Local News political news

လူ ၄ ဦး သေဆုံးစေသည့် မြဝတီမြို့ ပစ်ခတ်မှုအတွက် တရားခံBGF တပ်သားကို အသေပစ်သတ်ဖမ်းဆီးဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယမန်နေ့ညပိုင်းက နယ်ခြားစောင့်(BGF) အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ၄ ဦးသေဆုံးကာ ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိစေသည့် ပစ်ခတ်မှုတရားခံကို ယနေ့ ၁၁ နာရီဝန်းကျင်က အသေပစ်သတ် ဖမ်းဆီးမိကြောင်း အရှေ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးမောင်မောင်လတ်ကပြောသည်။

“၁၁ နာရီလောက်မှာ အသေပစ်သတ်ဖမ်းမိတယ်ပြောတယ်။ အကြောင်းအရင်းကိုတော့ ပြန်ပြီး စိစစ်ခိုင်းထားတယ်။ ဘာကြောင့်လဲဆိုတာကို” ဟု ဗိုလ်မှူးကြီးမောင်မောင်လတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

တရားခံသည် စောပေပေ အသက် ၂၃ နှစ်ဖြစ်ပြီး နယ်ခြားစောင့်တပ် အမှတ် ၁၀၂၁ မှ တပ်သား တစ်ဦးဖြစ်ကြောင်း၊ သေဆုံး ဒဏ်ရာရသူများသည် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနှင့် အရပ်သား များဖြစ်ကြောင်း မြဝတီမြို့ခံ သတင်းစာမျက်နှာတချို့၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

ဓာတ်ပုံ- အသေပစ်သတ် ဖမ်းဆီးခံရသည့်နယ်ခြားစောင့်တပ်သား စောပေပေ။ Photo Credit – မြဝတီ လွတ်လပ်သော ပြည်သူ့အသံ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com