All News Local News

လက်ရှိ သန်လျင်တံတားနှင့်အပြိုင် သန်လျင်တံတား အမှတ် ၃ တည်ဆောက်ရန် ဘတ်ဂျက်ကျပြီ

ရန်ကုန်၊ ဇန်နဝါရီ ၁

လက်ရှိ သန်လျင်တံတားနှင့်အပြိုင် ပဲခူးမြစ်ကိုဖြတ်၍ တည်ဆောက်မည့် သန်လျင်တံတား အမှတ် ၃ ကို တည်ဆောက်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) ၏ ချေးငွေ ငွေကျပ် ၅၆၁၁၀ ဒသမ ၄၉ ၄ အသုံးပြုခွင့်ရရှိပြီဖြစ်ကြောင်း သန်လျင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

သန်လျင် တံတား အမှတ် ၃ တည်ဆောက်မည့် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို မကြာမီ ကျင်းပမည်ဖြစ်ပြီး စီမံကိန်းကာလက၂၀၁၈ ခုနှစ် -၂၀၂၁ခုနှစ် အထိဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ သန်လျင်တံတား အမှတ် ၁ ကို တရုတ်နိုင်ငံက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အိုမင်းနေပြီဖြစ်ကာ ကားလမ်းပိတ်ဆို့မှုများ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com