Local News political news

ရခိုင်ရှိ မြို့နယ် ၅ ခုတွင် တိုက်ပွဲများကြောင့် ခရီးသွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့် ပြည်နယ်အစိုးရ ပိတ်ပင်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော တိုက်ပွဲဖြစ်စဉ်များနှင့် ရရှိသော သတင်းများအပေါ် မူတည်၍ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ကျေးရွာများသို့ ခရီးသွားလာခွင့်၊ လုပ်ငန်းဆောင်ရွက်ခွင့်မပြုကြောင်း ရခိုင်ပြည်နယ်အစိုးရက တရားဝင် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်အစိုးရက ဇန်နဝါရီလ ၁၀ ရက်နေ့စွဲဖြင့် မြို့နယ် ၅ ခုရှိ ကျေးရွာများသို့ ခရီးသွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့်မပြုကြောင်း ညွှန်ကြားအသိပေး အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ဆောင်ရွက်နေသော လုပ်ငန်းများကို လုံခြုံရေး အခြေအနေအရ မြို့ပေါ်တွင်သာ လုပ်ငန်းဆောင်ရွက်ခွင့်၊ ခရီးသွားလာခွင့်ပြုပြီး ကျေးရွာများသို့ ခရီးသွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့်မပြုကြောင်း ၊ သို့ရာတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ(ICRC) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တို့ကိုမူ ခြွင်းချက်ပေးထားကြောင်း အကြောင်းကြားချက်တွင် ဖော်ပြထားသည်။

လတ်တလော ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည် ၆၀၀၀ နီးပါးရှိလာနေပြီး စစ်ဘေးဒုက္ခသည်များကို သွားရောက်ကူညီမှုများ အား အာဏာပိုင်များက တားဆီးမှုများရှိနေပြီး ကူညီမှု အားနည်းနေကြောင်း သိရှိရသည်။

သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက “အစိုးရက ရခိုင်ပြည်ထဲမှာ ရခိုင်တပ်မတော်နဲ့ မြန်မာတပ်မတော်စစ်ပွဲမှ မဟုတ်ဘူး၊ ဘယ်အရာပဲ ဖြစ်ဖြစ် အစိုးရကူညီမှုအားနည်းတယ်။ ပြောရရင် ဘူးသီးတောင်၊ မောင်တောမှာ မွတ်စလင်နဲ့ဖြစ်တယ်၊ ပရဟိတအဖွဲ့တွေ အများကြီးကူညီကြတယ်။ အစိုးရအဖွဲ့က ထောက်ပံ့ရေးပစ္စည်း ကူညီပေးတာ နည်းတယ်။ ရခိုင်ပြည်မှာ ရေကြီးတယ်၊ အစိုးရအဖွဲ့က အလှူခံတာ ၊ ကူညီထောက်ပံ့ပေးတာ မရှိဘူး။ ဘာပြောချင်လဲဆိုတော့ အစိုးရအဖွဲ့တွေကလည်း အလှူလည်းခံပါ ၊ အလုပ်လည်း လုပ်ပါလို့ ပြောချင်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အစိုးရက မြို့နယ် ၅ ရှိ ကျေးရွာများသို့ ခရီးသွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့် ပိတ်ပင်ခြင်းသည် စစ်ဘေးရှောင်ဒုက္ခသည်များ ကူညီရေးတွင် ကြီးမားသော အတားအဆီး ဖြစ်လာမည်ဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူများက ဆိုကြသည်။

ထို့ပြင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များ တစ်နေ့တခြား ပိုမိုတိုးပွားလာနေရာ ၎င်းဒုက္ခသည်များအား အစိုးရမှ အကူအညီပေးမှုအားနည်းနေကြောင်း ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေကြသည့် ပရဟိတအဖွဲ့အစည်းများက ပြောသည်။

ဗောဓိအလင်း ပညာရေးဖောင်ဒေးရှင်း ဆရာတော် ဦးပညာဇောတက “အခုဆိုရင် ဒုက္ခသည် ၅၀၀၀ ကျော်ဖြစ်နေပြီ။ ၄ ၊ ၅ မြို့နယ်အတွင်းမှာပေါ့။ ဒီဒုက္ခသည်တွေကို ကူညီပေးနေတဲ့အထဲမှာ ဦးဇင်းအမြင်က အစိုးရအဝန်းအဝိုင်းထဲက ထောက်ပံ့မှုက အရမ်းနည်းတယ်။ ဒီဒေသအတွင်းက ပရဟိတအဖွဲ့တွေက လာပေးတာ များတယ်။ ဒါဆိုရင် ရေရှည်မှာ ဒီလောက်အနေအထားဆိုရင် ဒီဘက်ကလူတွေအနေနဲ့ ရေရှည်ထပ်ပြီးပံ့ပိုးနိုင်ဖို့၊ ကူညီနိုင်ဖို့က မလွယ်ဘူး။ တခြားနိုင်ငံတွေလို နည်းဗျူဟာကျကျ သွားဖို့က အာရုံစိုက်တာက နည်းပါတယ်။ အခုချိန်မှာ သနားလို့ နေရာပေါင်းစုံက လာပေးတယ်ဆိုပေမယ့် တကယ် လချီကြာသွားမယ်ဆိုရင် ဒီဒုက္ခသည်တွေအတွက်က တကယ်ရင်လေးစရာ ကောင်းပါတယ်” ဟု ပြောသည်။

“ဇန်နဝါရီ ၆ ရက်နေ့က အထက်သင်းပုန်းတန်းကို သွားဖြစ်တယ်။ အဲ့မှာ ကယ်ဆယ်ရေးစခန်း ဖွင့်ထားတယ်။ အဲ့မှာ စခန်းမှာရှိနေတဲ့ ဒုက္ခသည်ဦးရေက ၅၀၉ ကျော်ရှိတယ်။ အဲ့ဒီရွာကို ရောက်မလာသေးတဲ့ အနီးအနားဝန်းကျင်၊ သွားလာဖို့ အဆင်မပြေတဲ့ စစ်ဘေးသင့်နေတဲ့ ရွာ ၃ ၊ ၄ ရွာလည်း ရှိနေတယ်။ အဲ့မှာတွေလည်း သွားလာဖို့အဆင်မပြေတော့ စားရေးသောက်ရေးတွေလည်း အခက်အခဲတွေ ရှိနေတယ်။ သွားလာဖို့ သိပ်အဆင်မပြေဘူး။ လူတွေက တောင်ပေါ်မှာ အမှီပြုပြီးတော့ လုပ်ကိုင်စားသောက်နေကြတော့ အဲဒီနေရာကို မသွားရဲကြဘူး။ ကယ်ဆယ်ရေးစခန်းတွေမှာ အဓိက လိုအပ်ချက်တွေ ရှိနေတာက စားနပ်ရိက္ခာပဲ။ အခုဆိုရင် ဒေသတွင်းက ပရဟိတအဖွဲ့အစည်းတွေ၊ NGO တွေ နိုင်ရာနေရာကနေ ထောက်ပံ့ပေးထားတာတွေရှိတယ်။ တစ်ခုရှိတာက ဆန်ကတော့ တစ်လစာ ၁၅ ရက်တော့ လုံးဝ မပြတ်စတမ်း ရှိနေတယ်လို့ ပြောရမယ်။ ဥပမာ ကုန်သွားမယ်ဆိုရင် နောက်တစ်ဖွဲ့ လာရင် အဲ့လို့ပုံစံမျိုးတွေ ၊ လူတွေမှာ နောက်လိုအပ်ချက်တွေ ရှိမှာပေါ့။ ငါးခြောက်၊ တခြားစားသောက်စရာတွေ ၊ ပြီးတော့ တဲတွေက များသောအားဖြင့် မြေကြီးပေါ်မှာဘဲ ဆောက်ထားတော့ အခင်းတွေ အဲ့ဒါတွေ လိုအပ်တယ်” ဟု ဆရာတော် ဦးပညာဇောတ က ပြောဆိုသည်။

လက်ရှိတွင် ၊ ဘူးသီးတောင် ၊ ကျောက်တော် ၊ ရသေ့တောင် ၊ ပုဏ္ဏားကျွန်းမြို့နယ်များတွင် ဒုက္ခသည် ၅ ထောင်ကျော်ရှိနေပြီး အဓိက လိုအပ်နေသည်မှာ စားနပ်ရိက္ခာ ၊ စောင်နှင့် မိုးကာများဖြစ်ကြောင်း သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောသည်။

“အခုကတော့ ဒုက္ခသည်တွေက ပိုတိုးလာနိုင်တဲ့အခြေအနေတွေ ရှိတယ်။ စစ်ပွဲလည်း နည်းနည်းပြင်းထန်လာတဲ့အခြေအနေ ရှိတယ်။ ဒီနေ့ဆိုရင် ရဟတ်ယာဉ်တွေနဲ့ သွားသွားပြီး ခေါက်တုံ့ခေါက်ပြန် ပျံနေတာတွေ့ရတယ်။ ပြောပြချင်တာက ကျနော်တို့လုပ်နိုင်တာက ဒီနောက်ပိုင်းကူညီဖို့ ဘေးဒုက္ခကူညီရေး ကော်မတီအနေနဲ့ ပါတီကဖွဲ့ထားတယ်။ ဘေးဒုက္ခကျလာရင်တော့ ကူညီဖို့အဆင်သင့်ဖြစ်အောင် အလှူခံနေပါတယ်” ဟု ဘူးသီးတောင်မြို့နယ် ၊ ရခိုင်အမျိုးသားပါတီ ဒု ဥက္ကဋ္ဌ ဦးသန်းလှိုင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော တိုက်ပွဲဖြစ်စဉ်များနှင့် ရရှိသော သတင်းများအပေါ် မူတည်၍ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ကျေးရွာများသို့ ခရီးသွားလာခွင့်၊ လုပ်ငန်းဆောင်ရွက်ခွင့်မပြုကြောင်း ရခိုင်ပြည်နယ်အစိုးရက တရားဝင် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်အစိုးရက ဇန်နဝါရီလ ၁၀ ရက်နေ့စွဲဖြင့် မြို့နယ် ၅ ခုရှိ ကျေးရွာများသို့ ခရီးသွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့်မပြုကြောင်း ညွှန်ကြားအသိပေး အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ဆောင်ရွက်နေသော လုပ်ငန်းများကို လုံခြုံရေး အခြေအနေအရ မြို့ပေါ်တွင်သာ လုပ်ငန်းဆောင်ရွက်ခွင့်၊ ခရီးသွားလာခွင့်ပြုပြီး ကျေးရွာများသို့ ခရီးသွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့်မပြုကြောင်း ၊ သို့ရာတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ(ICRC) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တို့ကိုမူ ခြွင်းချက်ပေးထားကြောင်း အကြောင်းကြားချက်တွင် ဖော်ပြထားသည်။

လတ်တလော ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည် ၆၀၀၀ နီးပါးရှိလာနေပြီး စစ်ဘေးဒုက္ခသည်များကို သွားရောက်ကူညီမှုများအား အာဏာပိုင်များက တားဆီးမှုများရှိနေပြီး ကူညီမှု အားနည်းနေကြောင်း သိရှိရသည်။

သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက “အစိုးရက ရခိုင်ပြည်ထဲမှာ ရခိုင်တပ်မတော်နဲ့ မြန်မာတပ်မတော်စစ်ပွဲမှ မဟုတ်ဘူး၊ ဘယ်အရာပဲ ဖြစ်ဖြစ် အစိုးရကူညီမှုအားနည်းတယ်။ ပြောရရင် ဘူးသီးတောင်၊ မောင်တောမှာ မွတ်စလင်နဲ့ဖြစ်တယ်၊ ပရဟိတအဖွဲ့တွေ အများကြီးကူညီကြတယ်။ အစိုးရအဖွဲ့က ထောက်ပံ့ရေးပစ္စည်း ကူညီပေးတာ နည်းတယ်။ ရခိုင်ပြည်မှာ ရေကြီးတယ်၊ အစိုးရအဖွဲ့က အလှူခံတာ ၊ ကူညီထောက်ပံ့ပေးတာ မရှိဘူး။ ဘာပြောချင်လဲဆိုတော့ အစိုးရအဖွဲ့တွေကလည်း အလှူလည်းခံပါ ၊ အလုပ်လည်း လုပ်ပါလို့ ပြောချင်တယ်” ဟု ပြောသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts